Chapter 38.2

713 96 1
                                    

အခန်း ၃၈ ကုယွင်၏နှလုံးသား (အပိုင်း ၂)

"ကိုယ်က နေခဲ့ဖို့ ပြောရင် မင်း နေခဲ့ရမယ်"

အေးစက်သောအသံက ညှိနှိုင်းရန် အခွင့်အရေး လုံးဝ မရှိပေ။ စုလင်း၏ မောက်မာမှုက သူမတို့ ပထမဆုံတွေ့ချိန်နှင့် အတူတူပင်။ အရမ်းစက်ဆုပ်ဖို့ ကောင်းတယ်။ ကုယွင်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူမရင်ဘတ်ထဲမှ ကြီးထွားလာသော မီးတောက်များကို မျိုသိပ်နေရင်း စုရန်နှင့် တခြားနှစ်ယောက်ကို အေးတိအေးစက် လှမ်းပြောလိုက်သည်။ "ရှင်တို့သုံးယောက် အရင်ထွက်သွားကြတော့"

စုရန်နှင့် ဟန်ရှုတို့က နားလည်နေသော အပြုံးဖြင့် တံခါးအပြင်သို့ ထွက်သွားကြသည်။ ယခင် အတွေ့အကြုံအရ ဤလူနှစ်ယောက်၏ ရန်ဖြစ်မှုကို မလွှဲမရှောင်သာ တွေ့ရပေလိမ့်မည်။ နောက်ဆုံးမှာ လူနှစ်ယောက်က အကြီးအကျယ် အငြင်းအခုံ ဖြစ်ကြလိမ့်မယ်၊ အဲ...ပြီးရင်တော့... ပြေလည်သွားလိမ့်မယ်။

ယိုယိက ထိုနေရာတွင် မတ်တပ်ရပ်နေဆဲဖြစ်သည်။ သူ့အနားမှ ဖြတ်သွားသော ဟန်ရှုက သူ့ပခုံးကို ပေါ့ပေါ့တန်တန် ပုတ်ကာ လှမ်းပြောလိုက်သည်။ "သွားစို့"

ယိုယိက မျက်မှောင်ကြုတ်ကာ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်။ ဟန်ရှုနှင့် စုရန်တို့က တစ်ယောက်ကို တစ်ယောက် တစ်ချက်ကြည့်ကာ သူ့ကို ချုပ်နှောင်ဆွဲခေါ်ပြီး တိတ်တဆိတ် နားလည်မှုဖြင့် စာဖတ်ခန်းမှ ထွက်သွားခဲ့ကြသည်။

ခြံဝင်းရှေ့သို့ အတင်းဆွဲခေါ်ခံလိုက်ရသော ယိုယိက ထိုယောက်ျားနှစ်ယောက်၏လက်မှ ရုန်းထွက်ကာ ဒေါသတကြီးဖြင့် "တပ်မှူး၊ မင်း ဘာလုပ်နေတာလဲ?"

စစ်သူကြီးက အမိန့်မပေးဘဲ ဘာလို့ မိန်းမတစ်ယောက်ရဲ့အမိန့်ကို နားထောင်ပြီး ထွက်သွားရမှာလဲ။ စစ်သူကြီးရဲ့အမိန့်ကို နားထောင်ဖို့ မလိုတော့ဘူးလား?

ဟန်ရှုက ယိုယိ၏ပခုံးပေါ်သို့ လက်တင်လိုက်ရင်း ပြုံးနေကာ "မင်း ဟိုစကားတစ်ခုကို ကြားဖူးလား? အရှေ့တစ်ခုက နောက်တစ်ခုဆီမှာ ကျဆုံးသွားတယ်တဲ့"

"သူမ" မင်းက လုံးဝ ယုံကြည်မှု အပြည့်နဲ့ ငါ့ကို နောက်ပြောင်နေတာလား? အဲ့ဒိ ပိန်ပိန်ပါးပါး မိန်းခလေးက....

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now