Chapter 32.1

845 93 0
                                    

အခန်း ၃၂ ဒါက ဒီလိုပေါ့ (အပိုင်း ၁)

"နင်က ဘာလို့ ငါ့ကို ရှောင်နေတာလဲ?"

စုယွိက ခေါင်းကို အနည်းငယ် ငုံ့လိုက်သောကြောင့် ကုယွင်က သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘဲ သူက "ငါ မရှောင်ဘူး"ဟု ခပ်တိုးတိုး ပြန်ဖြေသည်ကိုသာ ကြားလိုက်ရသည်။

စုယွိက သူ့ပါးစပ်ကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် စူးခနဲထွက်လာသော အရက်နံ့ပြင်းပြင်းကြောင့် ကုယွင်က မျက်မှောင်ကြုတ်လိုက်မိသည်။ စုယွီက အရက်ကို အလွန်အကျွံသောက်ထားသဖြင့် အလွန်မူးနေပေလိမ့်မည်။ သို့သော်လည်း သူက ခေါင်းငုံ့ကာ သူမကို လျစ်လျူရှုထားသေးသည်။ ကုယွင်က တစ်ဖက်လူက အဘယ်ကြောင့် သူမကို မုန်းတီးနေသည်ကို နားမလည်နိုင်တာကြောင့် "ငါ နင့်ကို တစ်ခုခု စော်ကားခဲ့မိလို့လား?"

ကုယွင်က ပေါ့ပေါ့ပါးပါး မေးလိုက်ပေမယ့် စုယွိတော့ ဆူးများ ထောင်ထလာသော ဖြူကောင်တစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ သူက ဟိန်းဟောက်လုမတက်ဖြစ်နေသော အသံဖြင့် "မဟုတ်ဘူးလို့ ငါ ပြောနေတယ်လေ၊ နောင်မှာ မင်း ငါ့ရှေ့ကို ပေါ်မလာဘဲ နေလို့မရဘူးလား?"

စုယွိ၏အော်သံက ကုယွင်၏ စူးစမ်းလိုစိတ်ကို နှိုးဆွလိုက်ပြီး သူမက ထပ်မေးလိုက်သည်။ "ဘာလို့လဲ?"

"ဘာ အကြောင်းပြချက်မှ မရှိဘူး၊ ငါ မင်းကို မတွေ့ချင်လို့! သွားတော့!"

သူ ပြောသည့်အတိုင်း စုယွိက သူမကို တကယ် တွန်းထုတ်လိုက်သည်။ သူမ၏ရင်ဘတ်ပေါ်မှ ဒဏ်ရာက တော်တော်သက်သာနေပြီဖြစ်တာကြောင့် အနည်းငယ် အတွန်းခံရရင်တောင် သိပ်မနာပါဘူး။ ဒါပေမယ့် အကြိမ်ပေါင်းများစွာ မေးပြီးတဲ့နောက်မှာ ကုယွင်ကလည်း စိတ်မရှည်တော့တာ သိသာထင်ရှားနေပြီး "နင် ဘာလို့ မူးရူးနေအောင် သောက်လာတာလဲ?!"

ကုယွင်က သူမပခုံးပေါ်မှာမှ သူ့လက်ကို တွန်းဖယ်လိုက်ပြီး အရက်မူးနေတဲ့သူတစ်ယောက်နဲ့ ပြိုင်ပြီး ရန်မဖြစ်ရန် ဆုံးဖြတ်လိုက်သည်။

ကုယွင်တစ်ယောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် သူမလက်ကောက်ဝတ်တွင် နာကျင်မှုတစ်ခုကို ရုတ်တရတ် ခံစားလိုက်ရသည်။ ထိုအားပြင်းပြင်းကြောင့် ကုယွင်က နာကျင်သွားပြီး ပြန်လှည့်ကြည့်လိုက်တော့ စုယွိက သူမလက်ကို လုံးဝ လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပုံဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ကုယွင်က တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now