Chapter 13(1,2)

929 89 2
                                    

အခန်း ၁၃ ကြေကွဲဖွယ်ကောင်းသော လက်ရွေးစင်များ (အပိုင်း ၁)

"အင်း--"

တဲထဲမှ ထွက်လာသော သည်းညူသံက စုရန်၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ အစ်ကိုအကြီးဆုံးက သူ့ကို ကုသနေစဉ်မှာ စစ်တပ်သမားတော်တွေကို ဘယ်တော့မှ ထုံထိုင်းစေတဲ့ဆေးတွေ သုံးခွင့်မပေးခဲ့ပါဘူး။ သူက စစ်ပွဲတစ်ချို့မှာ ဒဏ်ရာတွေ ရခဲ့ဖူးပြီး အမြဲတမ်း ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါပေမယ့် အကြီးဆုံးအစ်ကို ဒီလောက်နာကျင်နေတာကိုတော့ သူ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ စုရန်က စိတ်ပူလွန်းတာကြောင့် နောက်ဆုံးမှာ မနေနိုင်တော့ဘဲ တဲထဲကို အလျင်စလို ပြေးဝင်သွားတော့သည်။

တဲထဲမှာ စစ်သည်နှစ်ယောက်က စုလင်း၏ပုခုံးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူတို့၏စစ်ဝတ်စုံများနှင့် မျက်နှာများတွင် သွေးများ ဖုံးလွှမ်းနေခဲ့သည်။ စုလင်းက​​ကုတင်ပေါ်မှာ တဝက်လောက်မှီအနေအထားဖြင့် လဲလျောင်းနေပြီး သူ့၏ညာဘက်ကျောပြင်တွင် ကြွက်သားများ ပြတ်ထွက်နေပြီး အနီရင့်ရောင်သွေးများဖြင့် ပြည့်နေသော အပေါက်နက်နက် ဒဏ်ရာကို တွေ့လိုက်ရသည်။ စုလင်းက အသက်ကို ပြင်းပြင်းရှူနေပြီး သူ့လက်များက ကုတင်စွန်းကို တင်းတင်းဆုပ်ကိုင်လိုက်ထားသောကြောင့် အပြာရောင်သွေးပြန်ကြောများက ပေါက်ထွက်လုမတက် ထောင်တက်နေသည်။ သူ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေကာ နဖူးမှ ချွေးများက စီးကျနေပြီး နာကျင်မှုကို သည်းခံနေရသောကြောင့် သူ့မျက်နှာက တွန့်လိမ်လုနီးပါး ဖြစ်နေသည်။ စုရန်က အထိတ်တလန့် မေးလိုက်မိသည်။ "သမားတော်၊ ဘာတွေဖြစ်နေတာလဲ"

စစ်တပ်သမားတော်တစ်ယောက်က စုလင်း၏ဒဏ်ရာကို ကုသနိုင်ဖို့ ကူညီပေးနေပြီး နောက်တစ်ယောက်က သွေးစွန်းနေတဲ့ မြှားတိုလေးကို သူ့လက်ဖြင့် ဆွဲယူလိုက်ပြီး အဝတ်စပေါ် တင်ကာ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။ ထိုသမားတော်က "ပြီးခါနီးပါပြီ၊ မြှားတိုလေးကို ဆွဲထုတ်လိုက်ပါပြီ၊ စစ်သူကြီး... စိတ်မပူပါနဲ့၊ အဲ့ဒါပြီးရင် ဒဏ်ရာကို ကိုင်တွယ်ဖို့က ပြသနာမဟုတ်တော့ပါဘူး၊ အဆင်ပြေသွားပါလိမ့်မယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now