Chapter 40.3

547 61 1
                                    

အခန်း ၄၀ စစ်တပ်နှင့်အတူ ထွက်ခွာ (အပိုင်း ၃)

"နောက်ကျသွားပြီ"

သူတို့ရှေ့ တည့်တည့်တွင် ဓားရှည်နှစ်လက်ပါသည့် အလံများ ပျံဝဲနေသော လှေကြီးနှစ်စင်းက ပိတ်ဆို့ထားပြီး ဖြစ်နေသည်။

တူညီသော အပြာရောင်ပင်လယ်နှင့် အပြာရောင်ကောင်းကင်အောက်တွင် တောက်ပနေသောအပြာရောင်ရုပ်ပုံသဏ္ဍာန်လေးက သင်္ဘောလက်ရန်းဘေးတွင် အေးအေးလူလူ မတ်တတ်ရပ်နေကာ အဝေးတွင် ရင်ဆိုင်နေကြသော လှေအုပ်စုနှစ်စုကို ငြီးငွေ့စွာ ကြည့်နေသည်။ ရန်ကော်က ရယ်မောကာ ပြောလိုက်သည်။ "ကျွတ်၊ ကျွတ်၊ စုမိသားစုစစ်တပ်နဲ့ ပင်လယ်ဓားပြတွေက ပြန်ရောက်လာကြပြန်ပြီ"

ယုရှန်းက သူ့လက်ထဲက မှန်ပြောင်းကို ကောက်ကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။ နောက်အခိုက်အတန့်တွင် ရန်ကော်က စိတ်ဝင်တစားဖြင့် တည့်တည့်မတ်မတ် ပြင်လိုက်ပြီး "စုလင်း! သူလည်း ဒီကို ရောက်နေတာပဲ။ ဒီတစ်ခါတော့ ပျော်စရာပဲဟေ့"

သူ့ရယ်သံကို ကြားသောကြောင့် အခန်းထဲမှ လူတော်တော်များများက ကုန်းပတ်ပေါ်သို့ တက်လာကြသည်။ ဝူကျိ၏ဘေးတွင် ရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီးတစ်ဦး ရှိနေသည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်ပေါ်တွင် နက်မှောင်နေသော အနက်ရောင်၀တ်ရုံကို ၀တ်ထားသဖြင့် သူမက လုံးဝ နူးညံပျော့ပျောင်းနေသော အသွင်ကိုတော့ မဖော်ဆောင်နိုင်တော့ပေ။ သူမ၏လက်ကောက်ဝတ်ကို ရစ်ပတ်ထားသော မြွေစိမ်းတစ်ကောင်က လေပြင်းများကြောင့် သူ့ခေါင်းကို အလျင်အမြန် ပြန်ဆုတ်သွားသည်။

အခန်းတံခါးကို တစ်ဝက်တစ်ပျက် မှီကာ မတ်တတ်ရပ်နေသော အမျိုးသားက အနီရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးအောက်တွင် လူအများ၏အမြင်အာရုံကို ဖမ်းစားနိုင်နေသည်။ မူရိ၏ မျက်လုံးများက အဝေးမှ တိုက်ပွဲ အခြေအနေကို အေးစက်စွာ ကြည့်နေပြီး သူ၏ အေးစက်သော အကြည့်များက လူအများ၏ နှလုံးသားကို နားမလည်နိုင်အောင် တုန်လှုပ်သွားစေသည်။

ဝူကျိ၏ လျစ်လျူရှုတက်သော မျက်နှာတွင် မည်သည့်အမူအရာကိုမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း သူ့အသံတွင် သူ့၏စိတ်ဝင်စားမှုကို ဖုံးကွယ်မထားနိုင်တော့ဘဲ "ခြောက်သွေ့တဲ့မြေပြင်က ဒီကျားက ပင်လယ်ထဲက နဂါးကို မယှဉ်နိုင်လောက်ပါဘူး" စစ်သူကြီးစု၏စစ်တိုက်လှေသုံးစင်းကို ပင်လယ်ဓားပြများက ဝိုင်းရံထားပြီး ဖြစ်နေကာ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now