Chapter 18.1/18.2

657 73 1
                                    

အခန်း ၁၈ အော်ထျန်း၏ရှုပ်ထွေးမှုများ (အပိုင်း ၁)

အေးမြသော လရောင်အောက်တွင် သေးသွယ်သော အမျိုးသမီးလေးက အေးစက်သော ကျောက်နံရံကို မှီလျက် ချောက်ကမ်းပါးထိပ်ရှိ သစ်ပင်များ၏အရိပ်အောက်တွင် သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဖုံးကွယ်ထားသောကြောင့် သူမ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသလောက် ဖြစ်နေသည်။ သို့သော်လည်း သူမခြေရင်းနားမှ ဝိုင်အိုးက သူမ၏စိတ်အခြေအနေ မကောင်းကြောင်း ဖော်ပြနေသည်။ ဝိုင်၏ အနံ့သင်းသင်းလေးက မူးယစ်နေစေပေမယ့် အမျိုးသမီးလေး၏ တင်းနေအောင် ကြုတ်ထားသော မျက်မှောင်က ပြေလျော့သွားခြင်း မရှိပေ။

စုမူဖုန်းကဲ့သို့သော ပြင်းထန်သော စိတ်ရောဂါရှိသူများကို သေဒဏ်ပေးရမည့်အစား ကုသမှုခံယူရန် ကူညီပေးသင့်သည်ဟု သူမနှင့် ချင်းနှစ်ဦးစလုံး သိထားသည်။ သို့သော်လည်း ယခု သူမတို့နေထိုင်သော လူ့အဖွဲ့အစည်းတွင် ကွယ်လွန်သူများက သာမန်ပြည်သူများ၏ မိသားစုဝင်များ ဖြစ်နေခဲ့လျှင်ပင် လူသတ်သမား၏အသက်ကို ပြန်မပေးဆပ်လျှင် ထိုလူသတ်သမားအတွက် အပြစ်ဒဏ်ရလဒ်ကို လက်မခံနိုင်မည် မဟုတ်ပေ။

ရဲအရာရှိတစ်ယောက်အနေဖြင့် စုမူဖုန်း သေဒဏ်ချမှတ်ခံရတာကို ကြည့်နေရခြင်းက သူမအတွက် စိတ်မသက်မသာ ဖြစ်စေပေမယ့် သူမတို့ သူ့ကို မကယ်တင်နိုင်ဘူးဆိုတာကိုလည်း သူမ နားလည်နေခဲ့သည်။ တိုင်းပြည်တိုင်း ဒါမှမဟုတ် နေရာတိုင်းမှာ ကိုယ်ပိုင်တရားစီရင်ရေးစနစ် ရှိပြီး သူမက အဲ့တာကို မပြောင်းလဲနိုင်ပါဘူး။ အမှန်နှင့်အမှားကြားမှ ကွဲလွဲနေသော အယူအဆများက သူမတန်ဖိုးလက်ခံခဲ့သော အမှန်တရားများကို ပဋိပက္ခဖြစ်စေသည်။ အဲ့ဒါကြောင့် ဒီည သူမ အရမ်း စိတ်မကောင်းဖြစ်နေမိတာ ဖြစ်နိုင်သည်။

သူမ ဒီမှာ ဆက်မနေချင်တော့ဘူး။ အိမ်ပြန်ချင်တယ်။ ဒီအတွေးက ဘယ်တုန်းကမှ အခုလောက် ရှင်းရှင်းလင်းလင်း မရှိခဲ့ပေမယ့် အခုတော့ သူမ အိမ်ကိုပဲ ပြန်ချင်တော့တယ်။ သူမက ဝိုင်ပုလင်းကို ကိုင်လိုက်ပြီး ဝိုင်အများကြီးကို တစ်ကျိုက်တည်း မော့လိုက်ချိန်တွင် သူမနှင့် ရင်းနှီးနေသော စောင့်ကြည့်ခံရသည့် အာရုံခံစားမှုက သူမထံ ရောက်ရှိလာပြန်သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now