အခန်း ၂၃ အော်ထျန်း ထောင်ကျနေတယ် (အပိုင်း ၁)
"အော်ထျန်း... မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ" ချန်ဟန့်က တဖြည်းဖြည်း နီးကပ်လာသော အနက်ရောင်အရိပ်ကို စောင့်ဆိုင်းနေရင်း အမှတ်တမဲ့ မေးလိုက်သည်။
အော်ထျန်းက ဘာကိုမှ ဂရုမစိုက်ပုံဖြင့် တံခါးဝတွင် ကိုယ်တစ်ခြမ်းစောင်း ရပ်နေပြီး အထဲကို ဝင်မလာခဲ့ပေ။ သူ ရပ်နေတဲ့ပုံက သာမာန်လူတစ်ယောက်ဆိုရင် ပေါ့ပေါ့ပါးပါး ဒါမှမဟုတ် ပျင်းရိဖွယ်ကောင်းတဲ့ ပုံစံဖြစ်နိုင်ပေမယ့် သူ ဖြစ်နေတဲ့အခါမှာတော့ သူ့တစ်ကိုယ်လုံးကနေ အေးစက်ပြီး အထီးကျန်ဆန်သော အငွေ့အသက်များ လျှံထွက်နေတော့သည်။ သူ့မျက်နှာတွင် အခြားအမူအရာ မရှိသော်လည်း ငြင်းပယ်ခြင်းအရိပ်များကို တွေ့မြင်နိုင်ပြီး သူ့၏ဥပေက္ခာပြုခြင်းက အခြားသူများကို မိုင်ထောင်ချီဝေးကွာနေသလို ခံစားရစေသည်။ လရောင်က သူ့နောက်ကျောတွင် ရှိနေသောကြောင့် ပြိုးပြိုးပြက်ပြက် လက်နေသော ငွေရောင်ဆံပင်များမှ လွဲပြီး သူ့တစ်ကိုယ်လုံး မှောင်မိုက်နေပုံရသည်။
အနက်ရောင်ပုံရိပ်က ချန်ဟန့်၏မေးခွန်းကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်။ သို့သော်လည်း သူ့တည်ရှိမှုကို မည်သူမျှ လျစ်လျူမရှုနိုင်ပေ။ တကယ်တော့ သူက သူ ဘယ်မှာရှိနေတယ်ဆိုတာကို မသိစေချင်ရင် တခြားသူတွေက သူ့ကို သတိထားမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက သိစေချင်တယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် သူ့ကို လျစ်လျူရှုလို့ မဖြစ်နိုင်တော့ပါဘူး။
သူ့အသွင်အပြင်က ရုံးတော်ခန်းမအတွင်းမှ လေထုကို အပြောင်းအလဲဖြစ်စေပြီး စုလင်း၏ မျက်နှာလေးထောင့်ကြီးကလည်း သုန်မှုန်နေသည်။
ဒီလူရဲ့ တည်နေရာက အပြောင်းအလဲမြန်ပြီး အရမ်းထူးဆန်းတယ်။ သူ ဒီနေရာကို ရောက်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ? ရှန်ယုလန်က သူ့ဘာသာ တစ်ယောက်တည်း စိတ်ထဲကနေ တိတ်တဆိတ် ထင်ကြေးပေးနေသည်။
လုကျင်းက အော်ထျန်း၏အသွင်အပြင်ကို ကြည့်ရင်း ဒီလူက ကိစ္စတစ်ခုလုံးအတွက် အချိုးအကွေ့တစ်ခုဖြစ်စေနိုင်မည် သို့မဟုတ် အကျပ်အတည်းကို ဖြစ်စေနိုင်မည်ဟု ပြင်းပြင်းထန်ထန် ခံစားနေရသည်။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"