Chapter 30.4

853 105 0
                                    

အခန်း ၃၀ ရေခဲဓား၏ နက်နဲသော လျို့ဝှက်ချက်များ (အပိုင်း ၄)

စုလင်းက သူ့လက်ကို အလျင်အမြန် ပြန်နောက်ဆုတ်လိုက်သည်။ သူမ၏လက်ချောင်းထိပ်လေးများမှ နွေးထွေးမှုများက သူ့လက်ဖဝါးပေါ်တွင် တည်ရှိနေ ပုံပေါ်ပြီး ယခုအချိန်တွင် သူ သူမလက်ကို တင်းတင်းကျပ်ကျပ် မဆုပ်ကိုင်ထားမိသည့်အတွက် နောင်တရနေပြီ ဖြစ်သည်။

"မင်း ဘာတွေ တွေးနေတာလဲ"

သူမ ကောင်းကင်မှ နေရောင်ကို မော့ကြည့်နေကာ ဘာကိုမှ မသိတော့လောက်အောင် အတွေးထဲ နှစ်မျောနေပုံရသည်။ သူမ၏ အချိန်မရွေး တခုခုကို ဆုံးရုံးတော့မည့်ပုံစံနှင့် စိတ်ရှုပ်ထွေးနေသော အကြည့်များက လူအများ၏ နှလုံးသားကို နာကျင်စေခဲ့သည်။

ကုယွင်က ခေါင်းကို ငုံ့ကာ သူမ၏ရှုပ်ထွေးနေသော အတွေးများကို ဖြည်းညှင်းစွာ ဖြေလျှော့လိုက်သည်။ ချင်း၏ တောင်းဆိုမှုကို ပြန်တွေးမိလိုက်သော်လည်း သူ့ကို ဘာပြောရမှန်း မသိသဖြင့် အသံတိုးတိုးဖြင့် "ဘာမှ မဟုတ်ပါဘူး"

လိမ်နေတယ်! သူမက အခြားသူများ၏ အပြောအဆိုများထဲမှ ဖုံးကွယ်ထားသော စိတ်ခံစားချက်များကို ထက်မြက်စွာ ပိုင်းခြားသိမြင်နိုင်သော်လည်း သူမကိုယ်တိုင်ကတော့ မိမိကိုယ်မိမိ ဖုံးကွယ်ထားတတ်သူ မဟုတ်ပေ။ သူမကို လေးလေးနက်နက် စိတ်အနှောင့်အယှက် ဖြစ်စေသော တစ်စုံတစ်ခု မဖြစ်ခဲ့ပါက သူမလိုမျိုး စိတ်ပိုင်းဖြတ်ထားသူတစ်ဦးက ထိုကဲ့သို့သော အမူအရာကို မည်သို့မျှ ပြသမည် မဟုတ်ပေ။

စုလင်းက အခုန သူမ လုပ်ခဲ့သလိုမျိုး မြက်ခင်းပြင်မှာ သက်တောင့်သက်သာ လှဲလျောင်းလိုက်ရင်း "မင်း ပြောစရာရှိရင် ပြောပါ။ အဲ့လို ချီတုံချတုံဖြစ်နေတာက မင်းရဲ့ပုံစံ မဟုတ်ဘူး"

ကုယွင်က အနည်းငယ် ထိတ်လန့်သွားပြီး "ရှင့်ရဲ့မျက်လုံးထဲက ကျွန်မရဲ့ပုံစံက ဘယ်လိုလဲ?"

စုလင်းက ကျယ်လောင်စွာ ရယ်မောရင်း ကရုဏာမဲ့စွာဖြင့် "မာနကြီးလွန်းလို့ မောက်မာလုနီးပါး ဖြစ်နေပြီ"

အဲ့တာက သူ မဟုတ်ဘူးလား? အမြဲတမ်း သူများကို အော်ဟစ်နေတဲ့သူက ဘယ်သူလဲ? သူမရဲ့အရိုးတွေသာ လုံလုံလောက်လောက် မမာခဲ့ရင် သူ့ကြောင့် သူမရဲ့အရိုးတွေ အကြိမ်ကြိမ် ကျိုးသွားပြီးပြီဆိုတာကို သူ မသိဘူးလား?! အခု မြက်ခင်းပြင်ပေါ်မှာ လှဲလျောင်းနေတာတောင် သူက နူးညံ့သိမ်မွေ့တဲ့ ပုံပေါ်နေလို့လား? သူဆီကနေ လွမ်းမိုးချုပ်ကိုင်ချင်တဲ့ ရောင်ဝါတွေကို ထုတ်လွှတ်နေတာ မဟုတ်ဘူးလား?

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now