Chapter 23.4

764 81 9
                                    

အခန်း ၂၃ အော်ထျန်းထောင်ကျနေတယ် (အပိုင်း ၄)

ခြောက်ဆယ့်ရှစ်... ခြောက်ဆယ့်ကိုး... ခုနှစ်ဆယ်... ခုနစ်ဆယ့်တစ်...

ယုဟန်တန့်က သူမ၏ ရင်ဘတ်ကို သူမလက်ဖြင့် ပြန်ဖိထားပြီး သစ်ပင်ပေါ်တွင် တွဲခိုနေသော ကုယွင်ကို စိုက်ကြည့်နေသည်။ သူမက လက်နှစ်ဖက်ကို ခိုင်ခံ့စွာ မြှောက်ထားကာ သစ်ပင်တွင် တွဲခိုနေသည်။ သူမက အသက်ရှူမြန်နေပုံရသော်လည်း သူမက အကြိမ် ရှစ်ဆယ်တိုင်တိုင် လုပ်နေခဲ့သည်။ သူမ မပင်ပန်းဘူးလား? သူမရဲ့ အဲ့ဒိသေးသေးသွယ်သွယ် ခန္ဓာကိုယ်နဲ့ ပိန်ညောင်‌နေတဲ့ လက်မောင်းတွေက အဲ့လောက် အစွမ်းထက်မယ်လို့ မမျှော်လင့်ထားမိဘူး။ နဖူးကနေ ချွေးတွေ စီးကျနေပြီး သူမ မျက်နှာလေးကလည်း အနည်းငယ် နီရဲနေသေးတယ်။

သို့သော်လည်း ထိုစိတ်ပိုင်းဖြတ်ထားပုံရသည့် မျက်လုံးများက သူမ ရည်မှန်းထားသည့်ပန်းတိုင်ကို မရောက်ခင်သည်အထိ အရှုံးပေးမည် မဟုတ်ကြောင်း ယုဟန်တန့်ကို ပြောပြနေသည်။ အမှန်တော့ ထိုကဲ့သို့ ဘားခိုခြင်းက အလွန်ပြင်းထန်သော်လည်း ကုယွင်က သူမ၏လေ့ကျင့်ခန်းကို အကြိမ် တစ်ရာအထိ ပြီးဆုံးစေပြီးမှ သစ်ကိုင်းကို ဆုတ်ကိုင်ထားသော သူမလက်ကို လွှတ်ချလိုက်သည်။

ကုယွင်က မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ခုန်ဆင်းလိုက်ပြီး မောပန်းနွမ်းနယ်မှုကြောင့် မြက်ခင်းပေါ်သို့ ခြေပြစ်လက်ပစ် လှဲချလိုက်သည်။

ချွေးများဖြင့် ရွှဲရွှဲစိုနေသော ကုယွင်ကို စိုက်ကြည့်နေရင်း ယုဟန်တန့်က အနည်းငယ် ရွံ့ရှာနေသလို ခံစားရသည်ဟု ဆိုနိုင်သော်လည်း သူမ၏ပါးစပ်ထောင့်များက အမှတ်တမဲ့ အနည်းငယ် ကြွတက်လာသည်။ ဤအမျိုးသမီးက ထူးထူးခြားခြား ဆွဲဆောင်မှုရှိပြီး စုလင်းက သူမအတွက် အထူးခြွင်းချက်တစ်ခု ပြုလုပ်ပေးခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

"မင်းက ဘာလို့ ငါ့ကို ကူညီနေတာလဲ" ဒါက ယုဟန်တန့် လုံးဝ နားမလည်နိုင်တဲ့အရာပါ။ သူမက စုလင်းကို မကြိုက်ဘူးလား? ဘာလို့ အမျိုးသမီးတစ်ယောက်ကို စစ်သူကြီးအိမ်တော်ကို အလွယ်တကူ ဝင်ခွင့်ပေးခဲ့တာလဲ? ဒါမှမဟုတ် သူမက ဘယ်အမျိုးသမီးကမှ သူမရဲ့နေရာကို မခြိမ်းခြောက်နိုင်ဘူးလို့ လေးလေးနက်နက် ယုံကြည်နေတာလား?

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now