အခန်း ၂၆ ကုယွင်၏စွန့်စားခန်း (အပိုင်း ၃)
ရှောင်းတောင်....ဇီရှီအချိန်...
ဒီညက ၁၅ရက်နေ့ မဟုတ်ပေမယ့် လမင်းကြီးက ထူးထူးခြားခြား တောက်ပနေတာကြောင့် အနည်းငယ် ထူးဆန်းနေသည်။ တောင်ထိပ်တွင် ပိန်ပိန်ပါးပါးပုံရိပ်တစ်ခုက ခြေလှမ်း သွက်သွက်ဖြင့် လျောက်လှမ်းနေပြီး ငွေရောင်ဆံပင်များ လှုပ်ရှားနေပုံက ထိုလူက အနည်းငယ် စိတ်မရှည်ဖြစ်နေကြောင်း သိသာနေသည်။ အော်ကျိက စိတ်မသက်မသာ ခံစားနေရသည်။ အော်ထျန်း လာမလား မလာဘူးလားဆိုတာကို သူ သေချာ မသိပါဘူး၊ အော်ထျန်း ဘာတွေ တွေးနေလဲဆိုတာကို သူ တစ်ခါမှ မမှန်းဆနိုင်ခဲ့ဘူး။ အခု အော်ထျန်းဘေးမှာ သရဲတစ္ဆေလို မိန်းမတစ်ယောက်ရှိနေတော့ ပိုလို့တောင် မှန်းဆဖို့ ခက်ခဲနေသေးတယ်။
ညသန်းခေါင်ကျော်လောက်တွင် အော်ကျိက အော်ထျန်းနှင့် ကုယွင် ဘေးချင်းကပ်ပြီး လမ်းလျှောက်လာနေတာကို တွေ့လိုက်ရသည်။ သူက မျက်လုံးများကို အနည်းငယ် မှေးကျဥ်းထားပြီး သူတို့ သူ့ဆီရောက်သည်အထိ ကုယွင်ကို စိုက်ကြည့်နေတာ ပြုံးနေရင်း ခပ်တိုးတိုးအသံဖြင့် ပြောလိုက်သည်။
"ကောင်မလေး၊ ငါက မင်းကို လျှော့တွက်ခဲ့ပုံရတယ်"
သူမက သူ့တို့ကို ရှာဖွေဖို့ လူတွေကို ဦးဆောင်နိုင်ခဲ့ပြီး သူတို့ကို ဖမ်းမိလုနီးပါးပါပဲ။ ကလေးမလေးက နည်းနည်းတော့ ဉာဏ်ကောင်းတယ်လို့ သူ တွေးထားပေမယ့် ဒီအဖြစ်အပျက်က သူမရဲ့တန်ဖိုးကို ပိုပြီး သိသာထင်ရှားလာစေတယ်။ စုလင်းနဲ့လို့ရှီးယန်က သူမကို ပံ့ပိုးကူညီနေတဲ့အပြင် ရှန်ယုလန်ကလည်း သူမစကားကို လျစ်လျူမရှုနိုင်ဘူး။ အော်ထျန်းသာ သူမကို သတ်လိုက်ရင်တော့ တကယ်ကို စိတ်ဝင်စားစရာတွေ ဖြစ်လာတော့မယ်။
ကုယွင်က နှုတ်ဆိတ်နေသည်။ အော်ကျိက ထူးဆန်းသောအသံဖြင့် ရယ်မောလိုက်ပြီး "မင်းက လာဝံ့သေးတာပဲ၊ မင်းမှာ သတ္တိတွေ ဘယ်လောက်တောင် ရှိနေတာလဲ!"
သူမက သေမှာ မကြောက်ဘူးလား? ဒါမှမဟုတ် အော်ထျန်းက သူမကို သတ်မှာ မဟုတ်ဘူးလို့ ယုံကြည်နေတာလား?!
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"