Chapter 24.2

1K 87 1
                                    

အခန်း ၂၄ အကြောင်းပြချက်မရှိဘူး (အပိုင်း ၂)

ဟောင်ယွဲ့မှ သံတမန်များ၏ တည်းခိုဆောင်တွင်...

ကုယွင်က ဟောင်ယွဲ့တည်းခိုဆောင်ကို ဒုတိယအကြိမ် ရောက်လာတာဖြစ်ပြီး နောက်ဆုံးအကြိမ်ကတော့ ချင်းနဲ့အတူ ချင်းရဲ့မင်္ဂလာဆောင်အတွက် လီု့ရှီးယန် လာရောက်ကြိုဆိုဖို့ စောင့်ဆိုင်းနေတဲ့ အချိန်တုန်းကပါ။ အဲဒီအချိန်တုန်းကတော့ အရာအားလုံးကို လှပတဲ့အရောင်တွေနဲ့ အလှဆင်ထားပြီး ရောင်စုံမီးပုံးတွေတောင်မှ ချိတ်ဆွဲထားခဲ့သည်။ ယခုတွင်မူ ဤနေရာ၌ ခြားနားသော မြင်ကွင်းတစ်ခု ဖြစ်နေပြီး စစ်သူကြီးစု၏စစ်သည်များက တည်းခိုဆောင်ကို ဝိုင်းရံထားကြသည်။ ခြံဝင်းထဲမှ ခြေသံများစွာ ထွက်ပေါ်နေပြီး လေထဲတွင် ယမ်းနံ့များ ပြည့်လျှံနေသည်။ အစောင့်များက စုမိသားစု၏စစ်တပ်မှ လူများ ဖြစ်နေသောကြောင့် ကုယွင် ဝင်လာတာကို မြင်ပေမယ့် သူတို့က သူမကို မတားကြဘဲ ရိုသေစွာ လက်သီးဆုပ် အလေးပြုကြသည်။ တရားစီရင်ရေးဌာနမှ အမှုထမ်းအချို့ကလည်း ချင်းမော့နှင့် ရှန်လူကြီးမင်း အမှုများအကြောင်း ဆွေးနွေးနေကြသည်ကို မြင်ဖူးနေကြပြီး ယခုအခါ စစ်သူကြီးစု၏လူများက သူမကို မတားသောကြောင့် သူတို့လည်း မတားရဲကြပေ။

ကုယွင်က တည်းခိုဆောင်ထဲသို့ ချောချောမွေ့မွေ့ ဝင်သွားသည်။ တည်းခိုဆောင်ခြံဝင်းက ရှုပ်ပွနေပြီး မြေပြင်ပေါ်ရှိ ပန်းများနှင့် အပင်များက ပျက်ဆီးနေပြီး အနက်ရောင်များဖြစ်အောင် လောင်ကျွမ်းနေကာ မြေတွင်းပေါက်ကြီး ၃ပေါက်လည်း ရှိနေသည်။ ပေါက်ကွဲသောနေရာက ခြံဝင်းထဲဟုသာ ကုယွင်က မှန်းဆလိုက်သည်။

ရှန်ယုလန်နှင့် စုလင်းတို့က တံခါးရှေ့တွင် ရပ်နေပြီး ရုံးတော်အမှုထမ်း၏အစီရင်ခံစာကို နားထောင်နေကာ ချန်ဟန့်က တွင်းကြီးတစ်ခုရှေ့တွင် ငုတ်တုတ်ထိုင်နေပြီး စုတ်တံတစ်ချောင်းဖြင့် အသည်းအသန် လိုက်မှတ်နေသော သူ့နောက်မှ ရုံးတော်အမှုထမ်းကို တစ်ခုခု ပြောနေသည်။

ကုယွင်က ချန်ဟန့်ဆီသို့ လျှောက်သွားလိုက်သည်။ စုလင်းက ကုယွင်၏ပိန်ပိန်ပါးပါးပုံစံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သူမ၏အင်္ကျီလက်ဝများကို ဆွဲကာ အသံတိုးတိုးဖြင့် "ဘာလို့ ဒီကို ရောက်နေတာလဲ"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now