Chapter 39.1

734 89 3
                                    

အခန်း ၃၉- စစ်ရေးဗျူဟာမှူး (အပိုင်း ၁)

စစ်သူကြီးအိမ်တော်၏ ဟွားထင်ခန်းမဆောင် (ပန်းခန်းမဆောင်).....

အပြာရင့်ရောင် မိန်းမစိုးဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ခန်းမ၏ရှေ့ အလယ်ဗဟိုတွင် သူ့၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ စစ်ဘက်ဆိုင်ရာ ထူးချွန်ထင်ရှားသည့် စစ်သူကြီးချုပ်၏ ရှေ့တွင် ရပ်ရန် အသားမကျသေးသောကြောင့် ဖြစ်နိုင်သလို၊ ဤအခန်း၏အငွေ့အသက်ကြောင့်လည်း ဖြစ်နိုင်ပြီး သူက ခေါင်းကို အနည်းငယ် ငုံ့ကာ တလေးတစား ကြောငြာချက်ထုတ်ပြန်ခဲ့သည်။ "ဧကရာဇ်မင်းမြတ်က အမိန့်တော်ရှိပါတယ်။ မနက်ဖြန်မှာ မင်းသားလေးရဲ့လပြည့်ပွဲကို ရောက်ရှိပြီ ဖြစ်ပါတယ်၊ ဧည့်ခံပွဲအတွက် တော်ဝင်မျိုးနွယ်မိသားစုဝင်တွေနဲ့ မှူးမတ်အရာရှိတွေအားလုံးကို ဖိတ်ကြာမှာဖြစ်ပြီး စစ်သူကြီးချုပ်စုနဲ့ သခင်မလေးချင်းမော့တို့ကိုလည်း နန်းတော်ထဲဝင်ပြီး ပွဲတက်ဖို့ ဖိတ်ကြားပါတယ်"

ကုယွင်က စုလင်း၏ဘေးတွင်ရပ်နေပြီး သူမ၏မျက်နှာတွင် ဘာအမူအရာမှ ထုတ်ဖော်မပြထားခြင်း မရှိသော်လည်း သူမတစ်ကိုယ်လုံးကို "ဘယ်သူမှ ငါ့ကို လာမနှောက်ယှက်နဲ့" ဟူသော ရောင်ဝါဖြင့် ဖုံးအုပ်ထားသည်။ စုရန်နှင့်ဟန်ရှုတို့က တံခါးဝ၏ ခပ်လှမ်းလှမ်းတွင် ရပ်နေကြသည်။ ဧကရာဇ်မင်းမြတ်က စုလင်းပေးပို့လိုက်သော လျှောက်တင်လွှာကို အတည်ပြုပြီးဖြစ်သည်။ ယခုပင် သူတို့က စစ်ရေးဆိုင်ရာ အထောက်အပံ့များနှင့် စစ်ပွဲအတွက် ပြင်ဆင်ရမည့်အရာများကို ဆွေးနွေးနေကြပြီး သုံးရက်အတွင်း ခရီးထွက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုလို အချိန်မျိုးတွင် နန်းတော်မှ ရုတ်တရက် အမိန့်ကြေညာစာ တစ်ခုရောက်လာပြီး ချင်းမော့ပါ တက်ရောက်ရမည်ဟု အတိအကျ ပြောလာခဲ့သည်။

အခုတော့ ကောင်းရောပဲ... ဟွားထင်ခန်းမတစ်ခုလုံး ယမ်းနံ့တွေ သင်းပျံ့နေပြီ။ ကုယွင်က ပင်းလျန့်ကို သူမလက်ထဲမှာ ကိုင်ထားပြီး ထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ သူတို့ သူမရှေ့ကနေ ထွက်သွားချင်နေတာ မဟုတ်ဘူးလား? ဘာလို့ ရပ်နေကြသေးတတုန်း?

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now