Chapter 20.1

496 48 2
                                    

အခန်း ၂၀ နောက်ထပ်ပြဿနာ (အပိုင်း ၁)

အထူးတပ်ဖွဲ့များကို လေ့ကျင့်ပေးရန် တာဝန်ယူပြီးနောက်တွင် ကုယွင်က ပျင်းရိငြီးငွေ့နေခြင်း မရှိတော့ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်တွင် သူမက လေ့ကျင့်ရေးအစီအစဉ်များ ရေးဆွဲရင်း အချိန်ကုန်ဆုံးခဲ့သည်။ တစ်ချိန်တည်းမှာပင် အထူးတပ်ဖွဲ့အတွက် အဆင်ပြေချောမွေ့စေနိုင်သော လက်နက်ပုံစံများနှင့် လေ့ကျင့်ရေးကိရိယာများကို ပုံစံရေးဆွဲရန်လည်း ကြိုးစားအားထုတ်နေခဲ့သည်။ သူမ လူတစ်ရာသာ လိုအပ်ရခြင်း အကြောင်းရင်းမှာ လူတိုင်း အကောင်းဆုံး လေ့ကျင့်မှု ရရှိနိုင်ပြီး အဆန်းပြားဆုံးသော လက်နက်ကရိယာများကို ပိုင်ပိုင်နိုင်နိုင် ကိုင်ကွယ်နိုင်‌စေရန် ဖြစ်သည်။

ကုယွင်က ပြင်းထန်သော လေ့ကျင့်မှုများအတွက် လိုအပ်မည့်အရာများကို တွေးတောနေချိန်တွင် တံခါးအပြင်ဘက်မှ ဦးလေးမင်၏အသံ ထွက်ပေါ်လာသည်။ "သခင်မလေး"

ကုယွင်က ခေါင်းတောင် မမော့ဘဲ "ဘာကိစ္စရှိလို့လဲ?"

ဦးလေးမင်က အိမ်ထဲသို့ ဝင်မလာဘဲ အပြင်ဘက်မှာ လေးလေးစားစား လှမ်းပြောလိုက်သည်။ "မနက်ဖြန် ဝန်ကြီးချုပ်ရဲ့ မင်္ဂလာဆောင်ပါ။ သတို့သမီး ကြိုဆိုဖို့အတွက် သခင်မလေးချင်းလင်က ဟောင်ယွဲ့ကလူတွေ တည်းနေတဲ့ တည်းခိုဆောင်ကို ပြောင်းရွှေ့သွားပြီလို့ ဝန်ကြီးချုပ်အိမ်တော်က တစ်စုံတစ်ယောက်က သတင်းလာပို့ပါတယ်။ သခင်မလေးက မနက်ဖြန်မနက် တည်းခိုဆောင်ကို တိုက်ရိုက်သွားကြည့်လို့ရပါတယ်"

မနက်ဖြန် မင်္ဂလာဆောင်နေ့တောင် ရောက်သွားပြီလား? သူမ လေ့ကျင့်ရေးအစီအစဥ်တွေကို အာရုံစိုက်ရင်း အချိန်ကို မေ့လုနီးပါးဖြစ်သွားခဲ့တယ်။ ကုယွင်က သူမနဖူးကို သူမပြန်ပုတ်လိုက်ပြီး ပြုံးလိုက်ကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ကျွန်မ သိပါပြီ"

သူမ ခါးကိုဆန့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ နေဝင်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမ လက်ထဲမှ လေ့ကျင့်ရေးအစီအစဉ်က ပြီးခါနီးဖြစ်နေတာကြောင့် သူမက ဦးလေးမင်ကို လှမ်းမေးလိုက်သည်။ "စုရန် ပြန်လာပြီလား"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now