Chapter 27.1

988 110 1
                                    

အခန်း ၂၇ နက်နဲသော ခံစားချက်များ (အပိုင်း ၁)

စုရန်၏နှလုံးသားက ရုတ်တရက် လည်ချောင်းထဲသို့ ခုန်တက်လာပြီး စုလင်း၏ထူးဆန်းသော အကြည့်က စုရန်ကို အလွန်စိတ်မသက်မသာဖြစ်နေစေသည်။ သူက စုလင်း၏နံဘေးကို လျှောက်သွားလိုက်ပြီး "တာ့ကော"

စုလင်းက ဘာမှ မကြားရသလိုပုံစံမျိုးနဲ့ ဘာမှ ပြန်မဖြေပါဘူး။ စုရန်က သူ့နှလုံးသား ရုတ်တရက် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ချင်းမော့မှာ တစ်ခုခု ဖြစ်သွားပြီလား?!

စုရန်က အဆောက်အဦးဆီသို့ လျှောက်သွားလိုက်ပြီး လို့ရှီးယန်က အထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူက ယခင်အတိုင်း ပြုံးနေသေးသော်လည်း သူ့မျက်နှာမှ ပင်ပန်းနွမ်းနယ်မှုကိုတော့ မဖုံးကွယ်နိုင်ပေ။ စုရန်က သူ့ကို တွေ့ဖို့ ရှေ့တိုးသွားပြီး "လို့ဝန်ကြီးချုပ်၊ ချင်းမော့က..."

လို့ရှီးယန်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး "သူ(မ) ဆေးကုသမှု ခံယူနေတုန်းပဲ"

ကုသမှုခံယူဆဲဆိုတော့ အသက်ရှင်နေဆဲပေါ့။ စုရန်က သက်ပြင်းရှည်တစ်ခုကို မှုတ်ထုတ်လိုက်ပြီး ကျောက်တုံးကြီးဘေးတွင် ထိုင်းမှိုင်းနေသော အမူအရာဖြင့် ထိုင်နေသော စုလင်းကို လှည့်ကြည့်လိုက်သည်။ စုရန်က နေက်တကြိမ် သက်ပြင်းချလိုက်ပြန်သည်။ အကြီးဆုံးအစ်ကိုက စိတ်တွေ အရမ်း ထွေပြားနေတာလား? သူ အဲ့လောက် စိုးရိမ်နေတော့ရော ချင်းမော့အတွက် တခြားဘာတွေ လုပ်ပေးနိုင်မှာတဲ့လဲ? သူက ဘာလို့ ဒီလိုပုံစံဖြစ်နေတာလဲ? သူက စုလင်းကို နောက်တစ်ကြိမ် သွားစည်းရုံးရန် ခြေလှမ်းပြင်လိုက်သော်လည်း လက်တစ်ဖက်က သူ့ကို ပိတ်ဆို့ထားခဲ့သည်။

လို့ရှီးယန်က "ထားလိုက်ပါ၊ သူ့ကို မနှောင့်ယှက်ပါနဲ့"

စုရန်က မနေ့ညက ချင်းမော့ရဲ့ အသွင်အပြင်ကို မမြင်ဖူးသလို အခုလည်း သူမနဲ့ကို မတွေ့ရသေးပါဘူး။ သူ့နှလုံးသားကို ဓားနဲ့ ထိုးလိုက်သလို ခံစားနေရတဲ့ စုလင်းရဲ့ စိတ်ခံစားချက်တွေကို ဒီအချိန်မှာ သူ နားလည်နိုင်မှာ မဟုတ်ပါဘူး။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now