Just Information

863 89 17
                                    

အမေးများတာလေးတွေ စုပြီးပြောပါချင်လို့ပါ ..

Mistaken M‌marriage series က လက်ရှိ ၆အုပ်အထိ ထွက်နေပါပြီ၊ e-Tran မှာ ၅အုပ် complete နေပါပြီ

e-Tran name တွေပါ

A Mistaken Marriage Match series

1. A Mistaken Marriage Match: Record of Washed Grievances (ကျွော့ချင်း)

2. A Mistaken Marriage Match: A Generation of Military Counselor(ကုယွင်)

3. A Mistaken Marriage Match: Mysteries in the Imperial Harem

4. A Mistaken Marriage Match: The Pirate's Daughter

5. A Mistaken Marriage Match: Pursuit of Murderer in Liao Yue

တစ်အုပ်ချင်းဆီ ဖတ်လို့ရသလို တစ်အုပ်နဲ့တစ်အုပ် ဆက်စပ်မှုလည်းရှိပါတယ်၊ ကိုယ်လဲ တစ်အုပ်မှ သေသေချာချာမဖတ်ရသေးပါဘူး၊ ဘာသာမပြန်ခင် သူများတွေရေးထားတဲ့ spoilတွေ reviewsတွေ လျောက်ဖတ်ထားတာပါ၊ သူများတွေ ပြောပုံအရတော့ ဒုတိယ တစ်အုပ်နဲ့ တတိယတစ်အုပ်က အကောင်းဆုံးလို့ ပြောကြတယ်၊ ဒါပေမယ့် ကိုယ့်အမြင်အရတော့ ပထမသုံးအုပ်လုံး မဆိုးဘူး၊ ပြီးတော့ နောက်နှစ်အုပ်ကို အရင်ပြန်လိုက်ရင် ပထမစာအုပ်ရဲ့ မြုပ်ကွက်ကို ဖော်မိသလိုဖြစ်သွားမှာ စိုးလို့ ပထမဆုံးစာအုပ်ကိုပဲ အရင်ပြန်လိုက်တာ၊ ပြီးတော့ မစောင့်နိုင်လို့ ဒုတိယတစ်အုပ်ကို သွားထပ်ပြန်မိတယ်၊

ချင်းမိသားစုက ရာထူးရာခံမရှိပေမယ့် အေးအေးချမ်းချမ်းနေကြရပုံပါပဲ၊ သူတို့အမေက ဆေးမှင်ကြောင်ထိုးတဲ့နေရာမှာ နံမည်ကြီးပြီး သမီးသုံးယောက်မှာ အကြီးဆုံး ချင်းလင်က နူးညံသိမ်မွေ့တယ်၊ အလတ်မ ချင်းဖုန့်က ထက်မြတ်တယ်၊ အငယ်ဆုံး ချင်းမော့က အဖြူထည်လေးပါ။ သုံးယောက်လုံးက စာပေ အနုပညာတက်ကျွမ်းသလို လှလည်းလှကြတော့ နံမည်ကြီးကြတယ်ပေါ့

ပြသနာတွေရဲ့ အစက ဧကရာဇ်ဖြစ်တဲ့ ယန်းဟုန်ထျန်းပါ၊ သူက အကြီးဆုံးဖြစ်တဲ့ ချင်းလင်ကို စတွေ့တာကနေ ချင်းမိသားစုရဲ့ ကံကြမ္မာဆိုးစတာပါပဲ စတွေ့ကြတဲ့ပုံကို တတိယစာအုပ်မှာ အသေးစိတ်ပါတယ်လို့တော့ E-tran ကပြောထားတယ်၊ ယန်းဟုန်ထျန်းက ဒဏ်ရာရနေတဲ့ ယုန်ကလေးကို သနားနေတဲ့ ချင်းလင်ကို တွေ့ပြီး သဘောကျသွားရာကနေ သူတို့ညီမသုံးယောက်ကို သူတိုင်းပြည်ကို ပို့ဖို့ တစ်ဘက်နိုင်ငံကို ဖိအားပေးပါတယ်။ ညီမသုံးယောက်က လက်မခံတော့ အဲ့နိုင်ငံကလဲ ယန်းဟုန်ထျန်းကကိုကြောက်တော့ ချင်းအဖေနဲ့ ချင်းအမေကို ဖမ်းထားပြီး အကျပ်ကိုင်ပါတယ်၊ အဖေနဲ့အမေက အဖမ်းခံရတုန်း အသက်ကြီးတဲ့ သူတွေဆိုတော့ ဒဏ်မခံနိုင်ဘဲ သေသွားကြတယ်၊ ညီမသုံးယောက်ကလဲ တစ်ဖက်နိုင်ငံကို မသွားရအောင် သူတို့မျက်နှာတွေကို သူတို့ဘာသာ ဖျက်ဆီးခဲ့တာပါ၊ အဲ့တာတောင် တစ်ဘက်နိုင်ငံကို အပို့ခံရတော့ သူတို့ကို သူတို့သတ်သေကြတယ်၊ အဲ့မှာနှစ်‌ယောက်သေသွားပြီး ကျွော့ချင်းနဲ့ ကုယွင်ရောက်လာတယ်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now