Chapter 2.2

1.2K 123 4
                                    

အခန်း ၂ စစ်ရေးအင်အား (အပိုင်း ၂)

စုယွိ၏အမူအရာက အေးခဲသွားသည်။ သူက သူမကို စစ်သူကြီးအိမ်တော်တွင် လွတ်လပ်စွာ သွားလာလှုပ်ရှားရန် သဘောတူခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ သူက စစ်တပ်တွင် လက်ထောက်စစ်သူကြီးတစ်ဦး ဖြစ်သည်။ သူ့ကို အော်ငေါက်နေတဲ့ အမျိုးသမီးကို သူ ဘယ်လို သည်းခံနိုင်မှာလဲ? စုယွိက ပိုလို့တောင် ဒေါသထွက်လာပြီး ကုယွင်ကို လက်ညှိုးထိုးလိုက်ပြီး "ဒါက စစ်ရေးလေ့ကျင့်ကွင်း၊ ယောက်ျားတွေ တိုက်ခိုက်ဖြစ်ပြီး သွေးမြေကျအောင် ရုန်းကန်ရတဲ့နေရာ၊ မိန်းမတွေက ဒီကို ဝင်လာဖို့ အရည်အချင်း မရှိဘူး၊ မိန်းမတွေ ဝင်ခွင့်မပေးဘူး၊ ကြည့်ခွင့်လဲ မပေးနိုင်ဘူး!"

စုယွိ၏ "မိန်းမ" "မိန်းမ" ဟုပြောကာ သူမကို နှိမ့်ချနေသော အမူအရာက ကုယွင်ကို လုံးဝ ဒေါသထွက်သွားစေသည်။ ကုယွင်က ဒေါသပိုထွက်လေ၊ ပိုတည်ငြိမ်လေဆိုတဲ့ လူမျိုးပါ၊ သူမမျက်လုံး၏အေးစက်စက် မျက်လုံးများက လေ့ကျင့်ရေးကွင်းထဲက ရှုံးနိမ်သွားတဲ့ စစ်သည်တစ်စုကို လှမ်းကြည့်လိုက်ပြီးမှ စုယွိကို ရင်ဆိုင်လိုက်သည်။ ကုယွင်က ခပ်ရွဲ့ရွဲ့ အပြုံးကို အေးစက်စွာ ထုတ်ပြလိုက်ပြန်သည်။ သူမက အေးစက်စက် အသံဖြင့် "တိုက်ပွဲရဲ့အဆုံးအဖြတ်ရလဒ်ကို သိနေပြီးသား၊ မကြည့်ရလဲ ဘာကိစ္စမှ မရှိဘူး! ကြည့်ရတာတောင် ပင်ပန်းသေးတယ်၊ နင်က မြန်မြန် အနိုင်ယူဖို့ စိတ်အားထက်သန်နေပြီး အမြင်ကျဥ်းတယ်၊ တစ်ဖက်ရန်သူရဲ့ ဗျူဟာကို နားမလည်ဘူး၊ နင့်လို စစ်သူကြီးက စစ်မြေပြင်မှာ နင့်ရဲ့စစ်သည်တွေကို သေလောက်အောင် အန္တရာယ်ပြုမိမှာတောင် စိုးရိမ်မိပါရဲ့"

ကုယွင်၏အသံက ကျယ်လောင်ပြီး မာထန်နေသည်။ နောက်မှ လိုက်လာသော စစ်သည်များက အေးစက်သောလေကို ရှုရှိုက်လိုက်မိပြီး နောက်ပြန်မဆုတ်ပဲ မနေနိုင်တော့ပေ။ စုရန်လည်း ခေါင်းကိုက်သွားတော့သည်။

ဒီအမျိုးသမီးက သူ့ကို လူရှေ့သူရှေ့မှာ အရှက်ခွဲဖို့ သတ္တိရှိနေတယ်ပေါ့။

"ရိုင်းစိုင်းလိုက်တာ!" စုယွိက နောက်ဆုံးတွင် အသိပြန်ဝင်လာခဲ့သည်။ သူက သူ့ရင်ထဲမှ ဒေါသကြောင့် သူ့လက်ထဲမှ ဓားကြီးကို ဆွဲထုတ်လိုက်ပြီး ကုယွင်၏ခေါင်းဆီသို့ ချိန်ရွယ်လိုက်သည်။ ချွန်ထက်သောဓားက နေရောင်အောက်တွင် ဖြူဖွေးတောက်ပနေသည်။ စုရန်က ထိတ်လန့်သွားသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now