Chapter 10.15/10.16/10.17

1K 108 4
                                    

အခန်း ၁၀ ကျီးပါးစပ်ချိုင့်ဝှမ်း (အပိုင်း ၁၅)

သူ တုံ့ပြန်သံကို ကြားလိုက်တော့ သူ့ဘေးနားက စစ်သည်လေးက သူ့ကို ပြင်းပြင်းထန်ထန် လှမ်းပုတ်လိုက်ပေမယ့် လမ်ရှောင်းကတော့ မတုန်မလှုပ် ရပ်နေဆဲပင်။

ဒီလူငယ်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ဖူဟူစခန်းထဲကိုဝင်မယ့်အစား အဲ့မိန်းမနောက်ကို လိုက်ဖို့ ဆန္ဒရှိတယ်ပေါ့။

စုလင်းက ဒေါသမထွက်ဘဲ လေးလေးနက်နက် ပြုံးနေပြီး "မင်းကို ပြန်စဉ်းစားဖို့ အခွင့်အရေး ပေးမယ်။ သူပုန်တွေ နှိမ်နင်းပြီး မင်း အဲ့အဖြေကို ပေးနိုင်တယ်"

ထိုစကားကို ပြောပြီးနောက် စုလင်းက လမ်ရှောင်း၏တုံ့ပြန်မှုကို မစောင့်တော့ဘဲ စခန်းဆီသို့ ပြန်လျှောက်သွားသည်။

စုလင်း၏နောက်ကျောပုံရိပ် တဖြည်းဖြည်း မှေးမှိန်သွားသည်နှင့် နောက်ဆုံးတွင် လမ်ရှောင်းဘေးနားရှိ စစ်သည်ငယ်လေးက "လမ်ရှောင်း၊ မင်း ဘာလို့ အရေးကြီးတာကို မသိရတာလဲ?? ဖူဟူစခန်းကို ဝင်နိုင်ရင် မင်းရဲ့အနာဂတ်က အကန့်အသတ်မရှိတော့ဘူး မင်းအဲ့တာကို မသိဘူးလား?!"

မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဘာမှမဖြစ်သကဲ့သို့ အဝတ်စများကို ဆက်နေသော လမ်ရှောင်းကို စိုက်ကြည့်နေရင်း ထိုစစ်သည်ငယ်လေးက သူ့ရင်ဘတ်ကိုသူ ပြန်ထုရိုက်နေသည်။ သူက စုမိသားစုစစ်တပ်တွင် နှစ်နှစ်ကြာနေပြီး အခုထက်ထိ စစ်သည်ဖြစ်နေဆဲပင်။ ဒီလိုအခွင့်အရေးက ဘာလို့ သူ့ဆီကို ရောက်မလာတာလဲ??!

***

စုလင်းက ကုယွင်၏တဲစခန်းနားသို့ အမှတ်တမဲ့ ရောက်သွားပြီးမှ သူ့၏ခြေလှမ်းများက တုံ့ဆိုင်းသွားခဲ့သည်။ သူ ဒီကို ဘာလာလုပ်တာလဲ??!

စုလင်းက ကုယွင်၏ဂုဏ်ယူဝင့်ကြွားသော မျက်နှာကို တွေးမိကာ ပြန်လှည့်ထွက်ရန် ပြင်လိုက်သော်လည်း တဲအတွင်းမှ စစ်တပ်သမားတော်အိုကြီး၏ သတိပေးချက်ကို ကြားလိုက်ရသည်။ "သခင်မ ဒဏ်ရာက မပြင်းထန်ပေမယ့် ဒဏ်ရာက တော်တော်ကြီးတယ်။ သေချာဂရုစိုက်ရမယ်၊ မဟုတ်ရင် အမာရွတ်တွေ ကျန်နေလိမ့်မယ်!"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now