Chapter 26.2

942 92 2
                                    

အခန်း ၂၆ ကုယွင်၏စွန့်စားခန်း (အပိုင်း ၂)

ကျွော့ချင်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး "နင် ဆုံးဖြတ်ပြီးပြီဆိုရင် ဒီစစ်ဆင်ရေးကို အတည်ပြုပြီး ပြင်ဆင်မှုတွေကို အမြန်ဆုံး စတင်မယ်။ နင့်ရဲ့ အစီအစဉ်နဲ့ ဖြန့်ကျက်မှုကို ငါတို့ကို မြန်မြန်ပြောပြ"

ယွင်ရဲ့ အတိတ်က ပုံစံအတိုင်းဆိုရင် သူမ အစီအစဉ်တစ်ခုကို ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ အသေးစိတ်အချက်အလက်တွေကို သေသေချာချာ စေ့စေ့စပ်စပ် တွေးထားပြီးသားဖြစ်နိုင်တယ်။ ဘယ်လို အစီအစဉ်ပဲဖြစ်ဖြစ် တစ်ရှီးချန်ပဲ ကျန်တော့တာမို့ အချိန်မှီဖို့ပဲ သူမ(ZQ) မျှော်လင့်နေမိတယ်။

"ငါ သဘောမတူဘူး!" ကုယွင် စကားမပြောရသေးခင် စုလင်း၏နက်နဲသောအသံက ထွက်ပေါ်လာပြီး သူ့အသံတွင် ဒေါသများ ပြည့်နှက်နေမှန်း သိသာနေသည်။ သူက အသံမြင့်မြင့်ဖြင့် "မြို့တော်မှာ တပ်စွဲထားတဲ့ စုမိသားစုရဲ့ တပ်သားသုံးသောင်း ရှိတယ်။ ယဲ့မိန်ကို မရှာနိုင်ဘူးလို့ ငါ မယုံဘူး။ မြေကြီးထဲကို သုံးလီတူး ရရင်တောင် ရအောင်ရှာမယ်!"

သူမ ကိုယ်တိုင် အသက်စွန့်မှ ဖြစ်မှာလား?

ကုယွင်က ခေါင်းကိုက်လာတာကြောင့် သူမ၏စိတ်က အနည်းငယ် စိတ်တိုလွယ်လာသည်။ သူမက အော်ထျန်းကို ခက်ခက်ခဲခဲ ဆွဲဆောင်ခဲ့ရပြီး ယခုအချိန်တွင် စုလင်းက သူမနှင့် ထပ်ပြီး စကားများရန် စတင်နေပြန်သည်။ အချိန်တွေက ကုန်လွန်သွားခဲ့ပြီဖြစ်တာကြောင့် သူမက အကြောင်းအရာကို ထပ်မံရှင်းပြရန် အချိန်မဖြုန်းတီးချင်တော့ဘဲ လေသံက ခပ်ကြမ်းကြမ်းဖြင့် "ပွဲတော်အခမ်းအနားက ရောက်လာတော့မယ်၊ ရှင် အဲ့လို ကြီးကြီးကျယ်ကျယ်တွေ လုပ်နေမယ်ဆိုရင် ချုံယွဲ့ရဲ့ မျက်နှာကို လိုချင်သေးရဲ့လား? တကယ်လို့ ယဲ့မိန်ကို ရှာတွေ့ရင်တောင် အော်ကျိက တစ်ယောက်ယောက်ကို ပြန်ပေးဆွဲပြီး အဲ့လူကို ရာဇ၀တ်မှုတွေနဲ့ ထောင်ချောက်ဆင်တယ် သက်သေပြစရာ မရှိဘူး၊ အဲ့ဒါဆိုရင် ဒီအမှုကို ဘယ်လိုဖြေရှင်းမှာလဲ?"

သူမ လိုချင်တာက ယဲ့မိန်ကို ရှာနိုင်ရုံတင်မကပါဘူး။ သူမက အမှုကို လုံးဝ အပြီးသတ် ဖြေရှင်းချင်တာပါ။ ကုယွင် ပြောနေတာတွေက လုံးဝမှန်ပေမယ့် ကုယွင်ရဲ့စကားကြောင့် စုလင်းရဲ့မျက်နှာက ပြာနှမ်းသွားတုန်းပါပဲ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now