Chapter 29.1

900 116 1
                                    

အခန်း ၂၉ ထိပ်တန်းလက်‌‌‌‌ရွေးစင် စစ်သည်များ (အပိုင်း ၁)

သူတို့ဘာကြောင့် နေရောင်အောက်မှာ တစ်နေကုန် စောင့်နေရတာလဲ၊ သူတို့ဘာကြောင့် ညှင်းပန်းနှိပ်စက်ခံရတာလဲ စတာတွေအတွက် နှစ်သိမ့်ပေးခြင်း ဒါမှမဟုတ် တောင်းပန်ခြင်းတွေ မရှိဘဲ ကုယွင်က သူမ၏လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး စစ်ရေးလေ့ကျင့်ကွင်း အပြင်ရှိ ထူးဆန်းသော အရာများကို ညွှန်ပြလိုက်ပြီး "ခဏနေရင် အုပ်စု ငါးဆယ် ခွဲလိုက်၊ ‌‌‌ရှေ့မှာ ရွံတွင်း၊ ဆူးပိုက်၊ သစ်တုံးတံတားနဲ့ မြင့်မားတဲ့ အတားအဆီးနံရံတွေ ရှိတယ်။ ရွံတွင်းထဲကို ခုန်ဆင်းပြီး ပြန်တက်ရမယ်၊ ဆူးပိုက်ကွန်ကို ဖြတ်ရင် အောက်ကနေ တွားသွားရမယ်၊ သစ်တုံးတံတားပေါ်ကနေ ဖြတ်နေတုန်း ပြုတ်ကြသွားရင် မူလနေရာကနေ ပြန်စရမယ်၊ အတားအဆီးနံရံကတော့ ပြောနေစရာ မလိုတော့ဘူး။ နံရံကို ကျော်ပြီးရင် လေးဆယ်ချောင်းနဲ့ မြှားဆယ်ချောင်း ရှိနေလိမ့်မယ်။ ပစ်မှတ်က အနီရောင်ကွင်း မဟုတ်ဘူး။ အဲ့ရှေ့မှာ ငှက်မွေးတစ်ခု တွဲလောင်း ချိတ်ထား လိမ့်မယ်။ အဲ့ငှက်မွေးကို ထိအောင်ပစ်နိုင်တဲ့သူတိုင်း ဆက်ပြိုင်ခွင့်ရမယ်" ကြည်လင်သော အသံက အလွန် ကျယ်လောင်သောကြောင့် လူတိုင်းကို ကြည်လင်ပြတ်သားစွာ ကြားစေနိုင်သည်။ သူတို့နဲ့ပတ်သက်တာ ဘာမှထူးထူးခြားခြားမရှိပါဘူး။ သို့သော်လည်း စစ်သည်များက နေ့ခင်းတစ်ခင်းလုံး ဘာမှ ထူးထူးခြားခြား မလုပ်ရသေးတာကြောင့် သူတို့က ဘာအမူအရာမှ မရှိဘဲ ထိုအရာများသာ လှမ်းကြည့်နေကြသည်။

စင်မြင့်ပေါ်မှ လူအိုကြီးများတွင်သာ စူးစမ်းလိုစိတ်များ ရှိနေသည်။ စစ်ရေးလေးကျင့်ကွင်းအတွင်း ကျန်းနှစ်ဆယ်မှ သုံးဆယ်အထိ ရှည်လျားသော လယ်ကွင်းပြင်တွင် သုံးကျန်းကျော်ကျော် နက်သော ရွံတွင်းကြီးတစ်ခုကို တူးထားပြီး တွင်း၏အရှေ့ကို ကျော်သွားလျှင် မြေပြင်အထက် တစ်တောင်ခန့်အကွာတွင် ဆူးများ ချိတ်ဆွဲထားသော ပိုက်ကွန်တစ်ခု ရှိနေသည်။ လူတွေက ရွံ့ထဲကနေ ဖြတ်လာပြီး ဆူးပိုက်ကွန်အောက်ကို ဖြတ်ကျော်ရရင် ဆိုးဝါးသော အသွင်အပြင်ကို ဖြစ်ပေါ်စေမည် ဖြစ်သည်။ ထိုနေရာ၏အနောက်တွင် ပန်းကန်လုံး၏ အဝခန့်သာ ထူသော သစ်လုံးပင်စည် ဆယ်လုံးခန့်ကို မြေပြင်ပေါ်တွင် အလျားလိုက် လှဲထားသည်။ နောက်ဆုံးတွင် ကျန်းနှစ်ဆယ်ခန့် မြင့်သော နံရံတစ်ခု ရှိသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now