Chapter 37.1

330 53 2
                                    

အခန်း ၃၇ ဓားစာခံများကို ကယ်တင်ခြင်း (အပိုင်း ၁)

ကန့်လန့်ကာရှေ့တွင် ရပ်နေသော လူသုံးယောက်က တစ်‌ယောက်တစ်မျိုးစီ အေးစက်ပုံပေါ်နေကာ လေးနက်သော၊ စိတ်ပိုင်းဖြတ်ထားသော၊ သန်မာပြီး ဖြောင့်မတ်သော အမူအရာများ ရှိနေကြသည်။ သူတို့ သုံးယောက်လုံး၏ ခေါင်းပေါ်မှ ချွေးများ တသွင်သွင် စီးကျနေကြသည်။ သူတို့က မကြာသေးမီက ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုကို လုပ်ခဲ့ရသည်မှာ ထင်ရှားနေသော်လည်း သူတို့၏ ရောင်ဝါများက ဖရိုဖရဲ ဖြစ်မနေသည့်အပြင် အသက်ရှုမဝသည့်အပြုအမူများလည်း ရှိမနေဘဲ ဣန္ဒြေကို ထိန်းထားနိုင်ကြသည်။ တဲအတွင်းရှိ လူတိုင်းက မြင့်မြတ်သော အဆင့်အတန်းရှိနေလျှင်ပင် သူတို့၏ မျက်နှာတွင် ကြောက်ရွံ့မှု သို့မဟုတ် တုန်လှုပ်မှု အရိပ်အယောင် လုံးဝ မရှိပေ။ ယန်းဟုန်ထျန်းက သူတို့အပေါ် အရမ်း ကျေနပ်နေပုံပေါ်သည်။ အသစ်ရောက်လာတဲ့ စစ်သည်တွေက သူ့ကို ဒူးထောက် အရိုအသေမပေးရင်တောင် သူ စိတ်ဆိုးမှာ မဟုတ်ပါဘူး။ အဲ့အစား သူက သူတို့ရဲ့ထူးဆန်းတဲ့ စစ်ဝတ်စုံတွေသာ စိတ်ဝင်တစား စိုက်ကြည့်နေတယ်။

စုမိသားစုမှ ထိပ်တန်းအဖွဲ့ဝင်များအနေဖြင့် သူတို့က သာမာန်စစ်သည်များ ဝတ်ဆင်လေ့ရှိသော သံချပ်ကာများနှင့် သံခမောက်များကို မ၀တ်ဆင်ကြပေ။ အစိမ်းရင့်ရောင်အဝတ်အစားများကို တင်းတင်းကျပ်ကျပ် ၀တ်ဆင်ထားထားသော်လည်း တောင့်တင်းနေခြင်း မရှိဘဲ လိုက်လျောညီထွေ လှုပ်ရှားနိုင်ပုံရသည်။ သူတို့၏ခန္ဓာကိုယ်အပေါ်ပိုင်းမှ အင်္ကျီများက ပေါ့ပါးနေပုံပေါ်ပြီး တို့၏ ညာဘက်ပခုံးတွင် ဒူးလေးတစ်လက်ရှိနေသည်။ ထို့အပြင် တင်းပါးပေါ်အထိရောက်သော လက်ဝါးတစ်ပြားစာ အကျယ်ရှိသည့် ခါးပတ်တစ်ခုကိုလည်း ပတ်ထားကြသည်။ သေသေချာချာ အနီးကပ်ကြည့်မည်ဆိုလျှင် ခါးပတ်ပေါ်တွင် သပ်သပ်ရပ်ရပ် စီထားသော မြှားတိုလေးများကို တွေ့နိုင်သည်။ ခါးပတ်ပြား၏အနားတွင် ကြိုးတစ်ချောင်း ခွေထားသည်။ သူတို့၏ဘယ်ဘက်ပေါင်တွင် ထူးဆန်းသည့်လက်ကိုင်ပါသော ဓားမြှောင်တိုကို ကြိုးနှစ်ပြားဖြင့် ပတ်ချည်ထားသည်။ သူတို့ခြေထောက်မှ ဖိနပ်များကလည်း သာမန်အထည်ဖိနပ်များမဟုတ်ဘဲ သားရေဖိနပ်တိုများ ဖြစ်နေသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now