Chapter 19.7/19.8

415 43 0
                                    

အခန်း ၁၉ မင်္ဂလာလက်ဆောင် (အပိုင်း ၇)

"ကောင်းပြီ" ကုယွင်က ပျင်းရိစွာ ပြန်ဖြေလိုက်သည်။

ဦးလေးမင်က ဗန်းကို သူမရှေ့သို့ ချပေးလိုက်သောကြောင့် ကုယွင်က တစ်ချက်ကြည့်လိုက်ရာ စတုရန်းပုံအနီရောင် ဘရိုကိတ်သေတ္တာအပြင် သပ်ရပ်လှပစွာ အလှဆင်ထားသည့် အစိမ်းဖျော့ရောင်ဘူးတစ်ဘူးလည်း ရှိနေသည်ကို တွေ့လိုက်ရသည်။ ကုယွင်က ဘူးကို ဖွင့်ပြီး တစ်ချက်ကြည့်လိုက်ရာ အတွင်းပိုင်းတွင် မြစိမ်းရောင် ဆံထိုးတစ်ခုကို ရှိနေသည်။ ထိုဆံထိုးတွင် ပန်းဖွားနှင့်တူသော ဆွဲသီးရှည်လေးများ ရှိနေကာ ညင်သာစွာ လှုပ်လိုက်သောအခါတွင် တီးတိုးသံကဲ့သို့ အသံလေးများ ထွက်လာသည်။ လက်ရာ အလွန်မြောက်ပြီး သန့်စင်နေကာ ဆံထိုးတစ်ခုလုံးက လှပလွန်းနေသည်။

ကုယွင်က ဆံထိုးကို သေတ္တာထဲသို့ သေချာပြန်ထည့်လိုက်ပြီး ပြုံးလိုက်ကာ "ကျွန်မက ခေါင်းဘီးပဲ မှာထားခဲ့တာ၊ ဒီဆံဖိုးက ကျွန်မ ပစ္စည်း မဟုတ်ဘူး"

ဆံထိုးက လှပလွန်းပြီး ရင်းနှီးနေတယ်လို့ ထင်ရပေမယ့် သူမ မဝယ်ခဲ့တာတော့ အမှန်ပါပဲ။ သူမ အမျိုးသမီးကြီး နှစ်ယောက်၏ အတင်းအဖျင်းစကားကို နားထောင်နေချိန်တွင် သူမ ထိုဆံထိုးကို ကိုင်ထားခဲ့ကြောင်း ကုယွင်က လုံးလုံး မေ့လျော့သွားခဲ့သည်။

ဦးလေးမင်က "စစ်သူကြီးက ဒီနေရာကို ဒါတွေ ပို့ပေးဖို့ ဒီအစေခံအိုကြီးကို အမိန့်ပေးခဲ့တာပါ။ အဲ့ဒါကလွဲရင် ကျန်တာတွေကို ဒီအစေခံအိုကြီး မသိပါဘူး"

ကုယွင်က ဦးလေးမင်ကို အတင်းအကျပ် ဖိအားမပေးတော့ဘဲ သူမလက်ကို ဝှေ့ယမ်းပြလိုက်ပြီး "ရှင်လုပ်စရာ ရှိတာ သွားလုပ်ပါ၊ ကျွန်မ ခနနေမှ စုလင်းကို သွားရှာလိုက်မယ်"

စုလင်းရဲ့ဒေါသနဲ့ဆိုရင် သူမကိုယ်တိုင် သွားလိုက်တာက ပိုကောင်းတယ်၊ သက်ကြီးရွယ်အိုတွေကို အခက်တွေ့အောင် မလုပ်ချင်တော့ဘူး။

"ဟုတ်ကဲ့" ဦးလေးမင်က သက်ပြင်းချကာ နောက်ပြန်ဆုတ်သွားသည်။

ကုယွင်က စားပွဲပေါ်မှ ခမ်းနားထည်ဝါသော လက်ဆောင်သေတ္တာနှစ်လုံးကို စိုက်ကြည့်ရင်း လေးလေးနက်နက် တွေးတောမိသွားသည်။ သူမ လွန်ခဲ့သော လအနည်းငယ်က ဘာမှ မဝယ်ခဲ့ဘဲ အခြေခံအားဖြင့် ငွေအများကြီး မသုံးစွဲခဲ့ပေ။ သူမ စစ်သည်များကို လေ့ကျင့်ပေးရင်း အလုပ်များနေခဲ့ကာ အမှုကိစ္စများကို ကိုင်တွယ်နေရင်း ပိုက်ဆံကိစ္စကို မေ့သွားခဲ့သည်။ ရွှေရောင်ပါကွာ့က ဘယ်အချိန်မှ ရှာတွေ့မည်မှန်း သူမ မသိသေးပေ။ ခဏလေးနဲ့ ပြန်ရှာမတွေ့နိုင်ရင် စုမိသားစုရဲ့ပိုက်ဆံတွေကို ဒီအတိုင်း ဆက်သုံးနေလို့ မရတော့ဘူး။ အခုတော့ ငွေရှာဖို့ နည်းလမ်းကို အလေးအနက် စဉ်းစားရတော့မယ်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now