Chapter 31.1

847 105 1
                                    

အခန်း ၃၁ လောင်ကျွမ်းလာသော ဒေါသစိတ် (အပိုင်း ၁)

"လက်ထောက်ယု——"

ကုယွင်၏အော်သံက မျက်လုံးများကို မှိတ်ထားသော စစ်သည်များစွာကို နိုးထလာစေခဲ့သည်။ သူတို့က သူမရှိရာဆီသို့ အမှတ်တမဲ့ လှမ်းကြည့်လိုက်ရာ စုလင်း၏ အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးက မားမားမတ်မတ် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ကို မြင်လိုက်ရသော စစ်သည်များအားလုံး၏မျက်နှာများတွင် ထိတ်လန့်တကြား ဖြစ်သွားသော အမူအရာများ ပေါ်လာပြီး အံ့သြထိတ်လန့်သွားကြကြောင်း သိသာနေသည်။ သူတို့က မြေပြင်မှ လျင်မြန်စွာ ထပြီး မတ်မတ် ရပ်လိုက်ကြသည်။ သူ့တို့ ဘေးနားမှ လူများကလည်း သူတို့၏ လှုပ်ရှားမှုများကို အာရုံခံမိသောကြောင့် မော့ကြည့်လိုက်ကြရာ စုလင်းရောက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြပြီး သူတို့က ချက်ချင်း ခုန်ထလာကြသည်။ သူတို့အားလုံး၏မျက်နှာပေါ်မှ မောပန်းနွမ်းနယ်မှုများက ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။

လက်ထောက်ယုက သစ်ပင်ကြီးတစ်ပင်၏ဘေးတွင် အနားယူနေပြီး အဝေးမှ ကုယွင်နှင့် စုလင်း၏ပုံရိပ်များကို တွေ့လိုက်ရသည်။ လက်ထောက်ယုက ခြင်္သေ့တစ်ကောင် ဟိန်းဟောက်လိုက်သလို ထွက်ပေါ်လာသော ကုယွင်၏ အော်ဟစ်သံကို ကြားလိုက်ရသောကြောင့် သူက သူမထံသို့ ပြေးသွားလိုက်ပြီး "ဟုတ်ကဲ့!"

လက်ထောက်ယုက စုလင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး ရိုသေစွာ နူတ်ဆက်လိုက်သည်။ "စစ်သူကြီး!"

သူက စုမိသားစု၏ကွပ်ကဲမှုအောက်တွင်ရှိနေသော ဒုတိယစစ်သူကြီးတစ်ဦးဖြစ်ကာ သူက စစ်သေနာပတိချုပ်နှင့် တိုက်ရိုက် ဆက်သွယ်ရန် အခွင့်အရေး မရှိသလောက်ဖြစ်သည်။ ဤတစ်ကြိမ်တွင် စစ်သူကြီးစုက လူကိုယ်တိုင်လာရောက်ခဲ့ခြင်းကြောင့် သူက ဒီတပ်ဖွဲ့ကို အရမ်း အလေးထားကြောင်း သိသာနေသည်။

စုလင်းက ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်သည်။ သူက အမြဲတမ်း လေးနက်သော အမူအရာကိုသာ ဖော်ပြထားလေ့ရှိပြီး ပျော်ရွှင်ခြင်း သို့မဟုတ် ဒေါသအရိပ်အယောင်များကို ဖော်ပြလေ့ မရှိပေ။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now