Chapter 21.1

457 52 0
                                    

အခန်း ၂၁ သူမက ငါ့အပိုင် (အပိုင်း ၁)

ညနှင့်နံနက်ခင်းအလင်းရောင်၏ ဆုံတွေ့ရာဖြစ်သော အာရုံတက်ချိန်က အလှဆုံး အခိုက်အတန့် ဖြစ်သင့်သော်လည်း ကုယွင်၏နှလုံးသားကတော့ အုံ့မှိုင်းနေကာ မည်သည့်အလင်းရောင်ကိုမျှ မမြင်နိုင်ပေ။

စုလင်း၏ နက်ရှိုင်းသော မျက်လုံးများက သားကောင်ကို စိုက်ကြည့်နေသော သိမ်းငှက်ကဲ့သို့ သူမကို အေးစက်စွာ စိုက်ကြည့်နေပြီး သူမ လှုပ်လိုက်လျှင်ပင် သူမအပေါ်သို့ ချက်ချင်း ခုန်အုပ်လာတော့မယောင် ပြင်းထန်သော ရောင်ဝါများကို ထုတ်လွှတ်နေပြီး ထိုအန္တရာယ်အငွေ့အသက်က သူမတစ်ကိုယ်လုံးကို ဖုံးလွှမ်းနေသည်။ ကုယွင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်နေရင်း စိတ်တည်ငြိမ်မှုပြန်ရရန် ကြိုးစားနေသည်။ သူမက ရဲရင့်သူဖြစ်ပြီး ကျဉ်းမြောင်းတဲ့လမ်းမှာ ရန်သူနဲ့ တွေ့ကြတဲ့အခါ သတ္တိရှိတဲ့သူတွေက နိုင်လိမ့်မယ်ဆိုတဲ့ စကားကို လက်ခံထားတယ်။ သူမ မကြောက်သရွေ့ သူ့ကို ရှုံးမှာ မဟုတ်ဘူး။

ကုယွင်က ခေါင်းကို အနည်းငယ် မော့လိုက်ကာ အေးစက်နေသော မျက်လုံးများကို ရင်ဆိုင်လိုက်ပြီး အသံတိုးတိုးဖြင့် "ကျွန်မရှေ့ကနေ ဖယ်ပေး"

"အရင်က ငါ ပြောပြီးပြီ၊ မင်း အပြင်ကို မထွက်ရဘူး" စုလင်း၏အလျော့မပေးသောလေသံက သူ့၏ထိန်းမနိုင်သိမ်းမရဖြစ်နေသာ ဒေါသများကို အစွမ်းကုန် ထိန်းထားကြောင်း သိသိသာသာ ဖော်ပြနေသည်။ သူက သူမနှင့် အမြဲတမ်း ရန်ဖြစ်မနေချင်သော်လည်း သူမ၏ ယုံကြည်မှုလွန်ကဲနေသောမျက်လုံးများနှင့် ခေါင်းမာသော စရိုက်က သူ့၏သည်းခံနိုင်မှုကို ဆက်တိုက် စိန်ခေါ်နေသည်။

အခုလိုပါပဲ--

"ကျွန်မလည်း ဒီည သေချာပေါက် အပြင်ထွက်မယ်လို့ ပြောခဲ့တယ်!" ကုယွင်၏ အေးစက်စက်အသံက ထပ်တူထပ်မျှ ပဲ့တင်ထပ်လာသည်။

"လို့ရှီးယန်ရဲ့ ပတ်သတ်နေတဲ့ ဒီအမှုမှာ မင်း ဝင်မပါတာ ပိုကောင်းလိမ့်တယ်၊ ဒါက မင်း ကိစ္စမဟုတ်သလို မင်း စွမ်းဆောင်နိုင်တဲ့ အရာလည်း မဟုတ်ဘူး"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now