Chapter 19.1/19.2

615 61 0
                                    

အခန်း ၁၉ မင်္ဂလာလက်ဆောင် (အပိုင်း ၁)

ချုံယွဲ့၏မြို့တော်က အလွန်သာယာပြီး သက်ဝင်သော နေရာတစ်ခု ဖြစ်သည်။ လမ်းဘေးနှစ်ဖက်စလုံးတွင် သုံးထပ်အဆောက်အအုံများ ရှိပြီး ဈေးဆိုင်များ၊ လူများဖြင့် စည်ကားလျက်ရှိနေသည်။ အပြာရောင်ကျောက်တုံးများဖြင့် ခင်းထားသောလမ်းများက ချောမွေ့ညီညာနေပြီး တိုင်းပြည်၏သာယာဝပြောမှုကို အသံတိတ်ဖော်ပြနေသည်။ မကြာခင် ကျင်းပတော့မည့် ပွဲလမ်းသဘင်ကြီး ရှိနေသောကြောင့် နေရာတိုင်းတွင် အနီရောင် ပိုးထည်စများနှင့် မီးပုံးများ ချိတ်ဆွဲထားသည်မှာ အဝေးမှ ကြည့်လျှင်ပင် မျက်စိကျစရာ ကောင်းနေတော့သည်။

ဆောင်းဦး၏နေရောင်က နွေရာသီကဲ့သို့ မပြင်းထန် သော်လည်း မွန်းတည့်ချိန်ဖြစ်နေသောကြောင့် အလွန်တောက်ပနေပြီး မျက်စိကွန်းလုနီးပါး ကျိန်းစပ်နေစေသည်။ ချုံယွဲ့ရှိ ရိုးရာဓလေ့ထုံးစံများက ပွင့်လင်းမြင်သာမှုရှိပြီး လမ်းပေါ်တွင် တစ်ယောက်တည်း လျှောက်သွားနေသည့် အမျိုးသမီးများစွာ ရှိနေသော်လည်း ထိုအရောင်အသွေးစုံလင်လှသော အမျိုးသမီးလေးများကြားတွင် အနက်ရောင်ပုံရိပ်က ထင်ရှားလွန်းနေသည်။

ကုယွင်က မြို့တော်၏လမ်းမများပေါ်မှာ အေးအေးဆေးဆေး လမ်းလျှောက်နေသည်။ ဒါက သူမ လမ်းလျှောက်ထွက်တဲ့ ပထမဆုံးအကြိမ်ပါပဲ။ သူမ ဒီကမ္ဘာကို ရောက်လာတာ လေးငါးလလောက်ရှိနေပြီဆိုပေမယ့် သူမ စစ်သည်တွေကို လေ့ကျင့်ပေးနေတာပဲဖြစ်ဖြစ်၊ အမှုတွေ စုံစမ်းစစ်ဆေးနေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် သူပုန်တွေကို နှိမ်နင်းနေတာပဲ ဖြစ်ဖြစ် လုပ်နေခဲ့တယ်။ အခု ဘာမှ လုပ်စရာမရှိဘဲ အချိန်တွေ ပို‌နေတော့ သူမ ဘာလုပ်ရမှန်း မသိတော့ဘူး။ ပြီးတော့ ချင်းရဲ့ မင်္ဂလာဆောင်က ရက်ပိုင်းအတွင်း ရောက်လာတော့မှာ ဆိုတော့ သူမ တစ်ခုခုကို ဖော်ပြနိုင်ဖို့ လိုအပ်နေသေးတယ်။ ကံမကောင်းစွာနဲ့ပဲ နှစ်နာရီလောက် လမ်းလျှောက်ပြီးတာ‌တောင်မှ သင့်တော်တဲ့အရာတစ်ခုလေးတောင် ရှာမတွေ့ခဲ့ဘူး။

သူမ ရောက်နေသည့်နေရာနှင့် မနီးမဝေးတွင် အလွန်ကြီးကျယ်ခမ်းနားသော ဆိုင်ကြီးတစ်ဆိုင် ရှိနေသည်။ ထိုဆိုင်၏တံခါးဝရှေ့တွင် ကျောက်စိမ်းဖြင့်ထွင်းထားသော ဖီရူးရုပ်ထုနှစ်ခု(ခြင်္သေ့/ကျားနှင့်တူသော တရုတ်ဒဏ္ဍာရီလာ တိရစ္ဆာန်) ရှိနေသည်။ ဆိုင်တစ်ခုလုံးကို ရိုးရှင်းပြေပြစ်စွာ အလှဆင်ထားပြီး ကျောက်စိမ်းဆိုင်းဘုတ်ကြီးတွင် "ရွှေကျောက်စိမ်းမင်္ဂလာ" ဟူသော စာလုံးများကို မှင်ထူထူဖြင့် ရေးထွင်းထားသည်။ ထိုအရာကို ကြည့်ရင်း ကုယွင်၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကြွတက်လာသည်။ ထိုဆိုင်နာမည်ကြောင့် သူမ ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် အပြာရောင်ဝတ်ထားသော အရောင်းဝန်ထမ်းလေးတစ်ယောက်က သူမဆီကို ချက်ချင်းရောက်လာပြီး နုတ်ဆက်လာသည်။ အရောင်းဝန်ထမ်းလေးက ကုယွင်ကို တိတ်တဆိတ် အကဲခတ်နေကာ ပြုံးပြုံးလေးဖြင့် "သခင်မလေး ဝင်လာပါ၊ ဒီဆိုင်မှာရောင်းတဲ့ ပစ္စည်းတွေက ရတနာတွေပါ၊ သခင်မလေး ကြိုက်တာကို ရွေးလို့ ရပါတယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now