Chapter 36.2

331 62 1
                                    

အခန်း ၃၆- စုလင်းက သူ့ဇနီးကို ကာကွယ်ပေးခြင်း (အပိုင်း ၂)

"မင်းတို့ ဘာမှ မလုပ်ကြရသေးဘူးလား?!"

စုလင်းက ကုယွင်ရှေ့တွင် ရပ်နေသောကြောင့် အစောင့်စစ်သည်များက မှိုင်းညို့နေသော ဧကရာဇ်မင်း၏မျက်နှာကို ကြည့်နေကြပြီး ဘာမှ မပြောရဲသလို ဘာလုပ်ရမှန်းလည်း မသိကြတော့ပေ။

ဒီအချိန်မှာ လူတွေကို ဘယ်လို ကယ်တင်ရမလဲလို့ မတွေးဘဲ တခြားသူရဲ့အသက်နဲ့ လဲလှယ်ချင်နေတာလား? ယုတ္တိကို မရှိဘူး! ကျွော့ချင်းက မခံမရပ်နိုင် ဖြစ်လာပြီး ဒေါသတကြီးဖြင့် "ဘယ်လို လဲလှယ်ရမှာလဲ? ကောင်းလူကြီးမင်းရဲ့အသက်ကမှ အသက်လား? ချင်းမော့ရဲ့အသက်ကရော အသက် မဟုတ်ဘူးလား?"

သွေးထွက်သံယိုမြင်ကွင်းက ရှင်းယွဲ့နဥ်က သိသိသာသာ နှိုးဆွခဲ့သောကြောင့် သူမ၏ စိတ်အခြေအနေက သိသိသာသာ မတည်မငြိမ်ဖြစ်နေသည်။ ထို့ကြောင့် သူမက ဒေါသထွက်နေသော လေသံဖြင့် "ကောင်းဟုန်ကျန့်က တရားရုံးတော်ရဲ့ ဂုဏ်သိက္ခာရှိတဲ့ တတိယတန်းအရာရှိတစ်ဦး ဖြစ်ပြီး တရားရုံးအတွက် သူ့ကိုယ်သူ မြှုပ်နှံထားခဲ့တယ်။ ချင်းမော့ကတော့ ဟောင်ယွဲ့ကရောက်လာတဲ့ လက်ဆောင်ပဏ္ဍာတစ်ခုပဲ၊ တိုင်းပြည်အတွက် ပိုအရေးကြီးတဲ့ မဏ္ဍိုင်တစ်ခုရဲ့အသက်က အရေးကြီးလား? ဒါမှမဟုတ် တိုင်းတပါးက မိန်းမတစ်ယောက်ရဲ့အသက်က အရေးကြီးလား?!"

ရှင်းယွဲ့နဥ်ရဲ့အမြင်အရ ချင်းလင်က ကံကောင်းတာကြောင့် လို့ရှီးယန်ရဲ့ချစ်မြတ်နိုးမှုကို ရရှိနေပြီး လူရာဝင်နေခြင်းပါ။ မဟုတ်ရင် သူမ ဒီမှာ စကားပြောဖို့ နေရာမရှိပါဘူး။

တကယ်တော့ သူမက လူတွေရဲ့ဘ၀တွေကို အဲလိုအဆင့်အတန်းခွဲပြီး ခွဲခြားသတ်မှတ်ထားတယ်ပေါ့။ သူမက ယွင့်ကို လုံးဝ အသုံးချလို့ မရ‌စေရဘူး။ ကျွော့ချင်းက ငြင်းဆိုရန် စကားစတော့မည်ဖြစ်သော်လည်း လီု့ရှီးယန်က ကုယွင်အနားမှ စုလင်းကို တစ်ချက်ကြည့်ကာ သူမကို အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက်ဖြင့် ကြည့်လာသည်။ ထိုနောက် သူက စုလင်း၏နောက်မှ ကုယွင်ကို ကြည့်ကာ "သူ့လူကို သူ ကာကွယ်လိမ့်မယ်"ဟူသော အရိပ်အမြွက်များကို ပြသနေသည်။ ကျွော့ချင်းက စုလင်း၏နောက်သို့ တစ်ချက်ကြည့်လိုက်ရာ သူ၏မြင့်မားသော ခန္ဓာကိုယ်ကြီး ကုယွင်ကို လုံးလုံးလျားလျား ဖုံးကွယ်လုနီးပါးဖြစ်နေပြီး သူ၏နဂိုအေးစက်နေတက်သော မျက်နှာက ရှင်းယွဲ့နဥ်၏ စကားများကြောင့် ပို၌ပင် အေးစက်လာသည်ကို သူမ တွေ့လိုက်ရသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now