အခန်း ၂၇ နက်နဲသော ခံစားချက်များ (အပိုင်း ၂)
စုလင်းက အပြင်ဘက်အခန်းမှ လူအုပ်စုကို ချန်ထားခဲ့ကာ တစ်ယောက်တည်း အတွင်းခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းတွင်းရှိ ဖယောင်းတိုင်များအားလုံး လောင်ကျွမ်းသွားသည်မှာ ကြာပြီဖြစ်ကာ ကြမ်းပြင်ပေါ်တွင် ဖယောင်းအစအနများသာ ကျန်ရှိနေတော့သည်။
ခွဲစိတ်ကုတင်ပေါ်မှ ချင်းမော့၏ကိုယ်ပေါ်တွင် ရိုးရိုးအဖြူရောင်အင်္ကျီတစ်ထည်ကို လွှမ်းခြုံပေးထားပြီး သူမ၏ရင်ဘတ်ကို ထူထဲသော အဖြူရောင်ပိတ်စများနှင့် တင်းတင်းကြပ်ကြပ် စည်းထားသောကြောင့် သူမက ပိုပြီး ထိခိုက်လွယ်ပုံပေါ်နေသည်။ အမြဲတမ်း ချည်နှောင်ထားသည့် သူမ၏ရှည်လျားသော ဆံပင်များက သူမ၏ ဘေးပတ်လည်တွင် ပြန့်ကျဲနေပြီး သူမ၏ နဖူးပေါ်မှ ဆံစလေးများက ချွေးများဖြင့် ရွှဲစိုနေကာ သူမမျက်နှာပေါ်တွင် ကပ်နေသည်။ အဖြူရောင်အဝတ်အစားများ၊ အဖြူရောင်အိပ်ယာခင်းနှင့် ဖြူဖျော့နေသော အသားအရည်များက အဖြူရောင်တစ်ခုတည်းကိုသာ ဖော်ပြနေပြီး ကြောက်စရာကောင်းနေသည်။ စုလင်းက သူ့၏ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး သူ့လက်ဖဝါးထက် သေးငယ်သော သူမမျက်နှာလေးကို သူ့လက်မဖြင့် ညင်သာစွာ ပွတ်သပ်ပေးနေသည်။ တညလုံး ထိတ်လန့်တကြားဖြစ်ခဲ့ရသော သူ့နှလုံးသားက သူမကို ခန္ဓာကိုယ်မှ အပူချိန်ကြောင့် တဖြည်းဖြည်း တည်ငြိမ်လာသည်။
"ကိုယ် ဘာဆက်လုပ်ရမှာလဲ" သူ့ရှေ့မှ မှိန်ဖျော့ဖျော့ဖြစ်နေသော အမျိုးသမီးကို ကြည့်ရင်း ထိုကဲ့သို့ ထူးဆန်းသောသူမျိုးက ဘယ်ကနေ ဘယ်လို ရှိနေနိုင်တယ်ဆိုတာကို သူ တကယ် နားမလည်နိုင်တော့ပါဘူး။ သူမ နိုးနေချိန်တွင် သူမ၏မျက်လုံးလေးများက စူးရှတောက်ပနေပြီး ထက်မြက်သောဉာဏ်ပညာနှင့် ထူးကဲသော စွမ်းရည်များကို ပိုင်ဆိုင်သည်။ ထို့ကြောင့် သူမက အသက်တစ်ဆယ့်ငါးနှစ်ခန့်သာရှိသေးသည့် မိန်းမပျိုလေးတစ်ဦးဖြစ်ကြောင်းကို လူများက မေ့နေခဲ့ကြသည်။ ယခုအချိန်တွင် သူမက အလွန်အားနည်းနေပြီး အချိန်မရွေး သေသွားနိုင်မည်ပုံပေါ်နေသည်။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"