အခန်း ၂၂ ငွေရောင်ဆံပင်နဲ့လူသတ်သမား (အပိုင်း ၁)
နန်းတော်တံခါးအပြင်ဘက်တွင်...
"နင်တို့ ငါ့ကို နန်းတော်အပြင်ဘက်မှာ ခဏစောင့်နေပေးဦး" ကျွော့ချင်းက ကုယွင်၏လက်ကို ခပ်ဖွဖွ ပုတ်ရင်း ပြောလိုက်သည်။
"အင်း" ကုယွင်ကလည်း မငြင်းပါဘူး။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ကျွော့ချင်းက ပေါ့ပေါ့ပါးပါး အပြုံးလေးဖြင့် "ကျေးဇူးပဲ ယွင်"
ကုယွင်က ပြုံးလိုက်ပြီး "နင်က ငါ့ကို ကျေးဇူးတင်တယ်လို့ ပြောချင်နေသေးလား"
တကယ်တော့ သူမ ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။ လီု့ရှီးယန်ကို အကျဉ်းထောင်ထဲထည့်လိုက်တဲ့ ကိစ္စက **နောက်က ငှက်ကျားကို သတိမမူဘဲ ရှေ့က ပုစဉ်းရင်ကွဲကို လိုက်ချောင်းနေတဲ့ ဓားခုတ်ကောင်လို အဖြစ်အပျက်ပါပဲ၊ ချင်းရဲ့ ရည်ရွယ်ချက်က လို့ရှီးယန်ကို အကျဥ်းထောင်ထဲကနေ ချက်ချင်း ကယ်တင်နိုင်ဖို့ ဖြစ်ပြီး ယန်းဟုန်ထျန်းရဲ့ရည်ရွယ်ချက်ကတော့ နန်းတွင်းထဲမှာရှိနေတဲ့ မယ်တော်မိဖုရားကြီးရဲ့မိသားစုအင်အားကို လျော့ချစေချင်တာပါ။ တစ်ဦးချင်းစီက သူတို့အလိုရှိသောအရာအတွက် ကြိုးပမ်းနေကြခြင်းပင်။ သူမကတော့ တချို့တလေ ဝင်ပါရုံသာရှိပြီး အခြေအနေများကို ထိုင်ကြည့်နေရုံသာ တက်နိုင်ခဲ့သည်။
(**နောက်က ငှက်ကျားကို သတိမမူဘဲ ရှေ့က ပုစဉ်းရင်ကွဲကို လိုက်ချောင်းနေတဲ့ ဓားခုတ်ကောင် - idiom, နောက်ကွယ်က အန္တရာယ်ကို မမြင်ပဲ အကျိုးအမြတ်သေးသေးလေးကို မောက်မောတက်တဲ့ လူတွေ အတွက်သုံးတာပါ)
ကျွော့ချင်းက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး "အင်းပါ၊ ငါ ထပ်မပြောတော့ပါဘူး"
တကယ်တော့ သူမရဲ့ကျေးဇူးတင်စိတ်ကို စကားအနည်းငယ်နဲ့ ဖော်ပြဖို့ မလုံလောက်ပါဘူး။
"သတိထားနော်" ချင်း ယခုအကြိမ် နန်းတော်ထဲဝင်သွားသည့်ကိစ္စက ယန်းဟုန်ထျန်းနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသော်လည်း အနောက်ဆောင်မယ်တော်မိဖုရားကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်သည်။ အနောက်ဆောင်မယ်တော်မိဖုရားကြီး သဘောတူမှာ မဟုတ်ပေမယ့် ဒါက တိုင်းပြည်နဲ့ဆိုင်တဲ့ အရေးကိစ္စပါ။ အဲ့တာတွေက နိုင်ငံရေးဖြစ်ပြီး ရာဇ၀တ်မှုတွေထက် ပိုရှုပ်ထွေးပါတယ်။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"