Chapter 17(1/2)

769 78 0
                                    

အခန်း ၁၇ ထူးဆန်းသောဖြစ်ရပ် (အပိုင်း ၁)

ငါးရက်နှင့် ငါးညတာ အပြေးအလွှား ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် မြို့တော်သို့ ပြန်‌ရောက်သွားကြသည်။ ကုယွင်က တရားစီရင်ရေးဌာနသို့ ချက်ချင်း ပြေးသွားခဲ့ပြီး ထိုဌာန၏အရာရှိဖြစ်သော ရှန်ယုလန်နှင့် တွေ့ဆုံခဲ့သည်။ ချင်းက သူမကို ကမန်းကတန်း ပြန်ခေါ်လိုက်တာကြောင့် ဒါက ခက်ခဲတဲ့ကိစ္စဖြစ်ရမယ်လို့ တွေးမိပြီး သူမ၏စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြင်ဆင်ထားပြီးသားပါ။ ဒါပေမယ့် ကွင်းဆက် လူသတ်မှုလို့ ကြားလိုက်တဲ့အချိန်မှာ သူမ တုန်လှုပ်သွားမိသေးတယ်။ ချင်း၏ ခွဲစိတ်စစ်ဆေးမှု အစီရင်ခံစာအရ သေဆုံးသူများ အားလုံးက အမျိုးသမီးများဖြစ်နေပြီး ခန္ဓာကိုယ်တွင် အခြားဒဏ်ရာများမရှိကြောင်း သိရသည်။ ၎င်းတို့အားလုံး၏ ဘယ်ဘက်ရင်အုံအောက်တွင် အရှည်ငါးလက်မခန့်ရှိသော ဒဏ်ရာရှိနေပြီး သေဆုံးရခြင်းအကြောင်းရင်းမှာ လူသတ်သမားက နှလုံးများကို ခွဲထုတ်ဖြတ်ယူသွားခြင်းဖြစ်ကြောင်း သိရသည်။ . သေဆုံးသူများ၏ မျက်နှာတွင် အလွန်အမင်း ကြောက်ရွံ့သည့် အရိပ်အယောင်များ ရှိနေသော်လည်း ၎င်း၏ ခန္ဓာကိုယ်တွင် ရုန်းကုန်ထားသော အခြေအနေနှင့် ဒဏ်ရာများ မရှိကြောင်းလည်း သိရသည်။

လူသတ်သမားက သတ်ဖြတ်ခြင်းနည်းပညာတွင် ထူးချွန်ရုံသာမက မှုခင်းကျူးလွန်ရာတွင်လည်း အလွန်ကျွမ်းကျင်သည်။ အခင်းဖြစ်ပွားရာနေရာ၌ သက်သေ မကျန်ရစ်ခဲ့ပေ။ တရားစီရင်ရေးဌာနက တစ်လကြာ စုံစမ်းစစ်ဆေးခဲ့ပြီး မှုခင်းဖြစ်ပွားရာနေရာနှင့် သက်သေများကို အကြိမ်ရေ မရေမတွက်နိုင်အောင် စစ်ဆေးခဲ့သော်လည်း အခုအချိန်အထိ ထူးခြားမှု တစ်စုံတစ်ရာလေးတောင် မတွေ့ရသေးပါဘူး။ ချင်းက မကြာသေးမီနှစ်များအတွင်း တိုင်းပြည်အနှံ့အပြားတွင် ထိုကဲ့သို့သောအမှုများ ရှိ မရှိ စစ်ဆေးရန်နှင့် သဲလွန်စများရှာရန် တရားစီရင်ရေးဌာနမှ ချန်ဟန့်ကို တောင်းဆိုခဲ့သည်။

"သခင်မ၊ ဘာလို့ အိမ်ထဲကို မဝင်တာလဲ" စစ်သည်ငယ်နှစ်ယောက်က စစ်သူကြီးအိမ်တော်၏လှေကားထစ်တွင် ထူးထူးခြားခြား ရှိးချန်တစ်ဝက်ကြာအောင် ထိုင်နေသော မိန်းခလေးကို ကြည့်နေကြသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now