Chapter 35.4

831 84 1
                                    

အခန်း ၃၅- လက်နက်အပြည့်အစုံ (အပိုင်း ၄)

လဝက်အကြာ လျှို့ဝှက်လေ့ကျင့်စေခဲ့သော သင်တန်းက အကျိုးသက်ရောက်မှု ကောင်းမွန်ပြီး အလွန်ထိရောက်မှု ရှိခဲ့သည်။ ကုယွင်တစ်ယောက် ယနေ့စစ်ဆေးမှုအတွက် ယုံကြည်ချက်များ မြင့်မားနေသည်။ နံနက်စောစောတွင် သူမ ယဲ့ထျန်းခြံဝင်းမှ ထွက်လိုက်သည်နှင့် စုလင်းက သူမ၏ခြံရှေ့တွင် ရပ်နေပြီး သူမ ဘာမှ မပြောရသေးမီ သူက သူမကို လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး သူမကို ဆွဲခေါ်သွားသည်။

"ကိုယ့်နောက်လိုက်ခဲ့"

ကုယွင်က စိုးရိမ်တကြီးဖြင့် "ကျွန်မ သွားရတော့မှာ..."

သူမ စကားမဆုံးခင် စုလင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ကိုယ် မင်းကို ပြစရာတစ်ခု ရှိတယ်!"

ကုယွင်က သူမ၏မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ ဘာအရာကများ စစ်သူကြီးစုကို ဒီလောက် စိတ်လှုပ်ရှားစေရတာလဲ? ထိုသို့တွေးမိတာ‌ကြောင့် ကုယွင်က မကန့်ကွက်တော့ဘဲ သူ သူမကို ဆွဲနေခေါ်သည်ကို ခွင့်ပြုပေးလိုက်သည်။ စုလင်းက စာဖတ်ခန်းဆီသို့ ဦးတည်သွားနေပြီး စာဖတ်ခန်းထဲ ဝင်သွားချိန်တွင် သူက သူမလက်ကို လွှတ်ပေးလိုက်ပြီး စားပွဲနောက်သို့ လျှောက်သွားကာ တစ်ခုခုကို ရှာဖွေနေသည်။

စားပွဲပေါ်တွင် တစ်ပေခန့်မြင့်ပြီး လှပစွာ ထုပ်ပိုးထားသည့် လက်ဆောင်သေတ္တာတစ်ခုရှိနေသည်ကို တွေ့လိုက်ရသောကြောင့် ကုယွင်က ပြုံးလိုက်ပြီး "ဒါက ဘာလဲ? ကျွန်မ ဖွင့်ကြည့်လို့ရလား?"

စုလင်းက မော့ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ "အင်း"

ကုယွင်က သေတ္တာကို သေသေချာချာ ဖွင့်ကြည့်လိုက်သည်။ အတွင်းတွင် အဖြူရောင် ကျောက်စိမ်းအရုပ်လေးတစ်စုံရှိနေပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည့် ပုံစံဖြစ်ကာ အသက်ဝင်နေအောင် ထွင်းထုထားသည်။ ကုယွင်က အရုပ်ကို မြင်တာနဲ့ အသံတိုးတိုးဖြင့် ချီးကျူးလိုက်သည်။

"ချစ်ဖို့ကောင်းလိုက်တာ"

ထိုအရာက လက်ဆောင်ဖြစ်နိုင်သည်ဟု သူမ မှန်းဆလိုက်မိတာကြောင့် "ဒါက ရှီးဝူအတွက် ရှင် ရွေးထားတဲ့ လက်ဆောင်လား? ရှင်က အဲ့လောက် ဂရုစိုက်တက်လိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now