Chapter 13 (5,6)

886 93 0
                                    

အခန်း ၁၃ ကြေကွဲဖွယ်ကောင်းသော လက်ရွေးစင်များ (အပိုင်း ၅)

သူ၏သန်မာတောင့်တင်းနေသော နောက်ကျောတွင် လက်မလုံးထက် နှစ်ဆ သို့မဟုတ် သုံးဆခန့် ပိုထူသော အနက်ရောင် ပိုးကောင် အကောင်နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ရှိနေသည်ကို တွေ့လိုက်ရသည်။ အနီးကပ် ကြည့်လိုက်လျှင် ထိုအကောင်များ၏ပျော့ပျောင်းပြီး ဖောင်းကားနေသော ခန္ဓာကိုယ်များတွင် သွေးနီရောင်များဖြင့် ပြည့်နှက်နေသည်ကို မြင်နိုင်ပြီး တဖြည်းဖြည်း ကြီးထွားလာနေဆဲပင်။

လော့ရန်က ခပ်မြန်မြန် သသိဝင်လာပြီး ထိုပျော့စိစိပိုးကောင်များကို ကူညီဖယ်ရှားရန် အမြန် ပြေးသွားလိုက်သည်။

ကုယွင်က "ရပ်လိုက်!"

လော့ရန်က ကုယွင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသော်လည်း အလျင်စလို မလုပ်ဘဲ နောက်ပြန်ဆုတ်လိုက်သည်။

ကုယွင်က ဖန်ချင်းဟုန်၏နောက်ကျောမှ ပျော့စိစိပိုးကောင်များကို စိုက်ကြည့်နေပြီး "လမ်ရှောင်း၊ ငါ့အတွက် မီးရှူးတိုင်တစ်တိုင်နဲ့ သစ်ကိုင်းအခက်လေးတစ်ခု ယူလာပေး"

"ဟုတ်ကဲ့" လမ်ရှောင်းက မီးရှူးတိုင်တစ်ခုနှင့်သစ်ကိုင်းတစ်ကိုင်းကို အမြန် ယူလာပေးခဲ့သည်။ ကုယွင်က မီးရှူးတိုင်ဖြင့် ဖန်ချင်းဟုန်၏ နောက်ကျောသို့ ချဉ်းကပ်သွားပြီး ပိုးကောင်ပျော့များက ချက်ချင်းပင် လှုပ်ရွလာကြသည်။ ထိုပိုးကောင်များက မီးရောင်အောက်တွင် ဖန်ချင်းဟုန်၏နောက်ကျောမှ ကွာကျလာပြီး သွေးနီရောင်ရေအိတ်များအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်နေရတာကြောင့် ကြည့်နေသော စစ်သည်တို့၏ဆံပင်များကို ထောင်မတ်လာစေခဲ့သည်။ တချို့စစ်သည်များက ယားယံနေသလို ခံစားလာကြရပြီး စစ်သည်တော်တော်များများက သူတို့ကိုယ်ပေါ်မှာ ဒီလိုထူးဆန်းတဲ့အရာတွေ ရှိနေမှာကို စိုးရိမ်တဲ့အတွက် သူတို့ကိုယ်သူတို့ ပြန်ကုတ်နေကြတော့သည်။

ကုယွင်က သူမ ကိုင်ထားသော သစ်ကိုင်းဖြင့် ပိုးကောင်ပျော့တွေကို မီးရှို့နေရင်း "ဒီလို အင်းဆက်မျိုးကို မျှော့လို့ ခေါ်တယ်။ လယ်ကွင်းတွေနဲ့ လယ်ကွင်းအစပ်တွေမှာလည်း တွေ့နိုင်တယ်။ အဲ့ဒါကိုတော့ လူတော်တော်များများ မြင်ဖူးကြမှာပါ။ ဒါပေမယ့် ဒီလို မျှော့မျိုး ရေထဲမှာနေတဲ့ မျှော့နဲ့ သိပ်မတူဘူး။ သူတို့က မိုးသစ်တောထဲက အစိုဓာတ်ကြောင့် ရေမရှိဘဲ နေနိုင်တယ်၊ ရေနဲ့နီးတဲ့ မြက်ပင်တွေနဲ့ အရွက်ရှည်တွေရဲ့နောက်မှာ ခိုအောင်းနေတက်တယ်။ တကယ်လို့ မင်းတို့ခန္ဓာကိုယ်မှာ ဒီလိုမျှော့တစ်ကောင် တွယ်နေရင် လက်နဲ့ မဆွဲခွာနဲ့။ မီးနဲ့ ကင်လိုက်ရင် အလိုလို ပြုတ်ကျသွားလိမ့်မယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now