Chapter 30.1

789 89 0
                                    

အခန်း ၃၀ ရေခဲဓား၏ နက်နဲသော လျို့ဝှက်ချက်များ (အပိုင်း ၁)

ဆူပူအော်ဟစ်ကျိန်ဆဲသံများ၊ ထူးဆန်းသော အော်သံများနှင့် ရိုင်းစိုင်းသော ရယ်မောသံများက စစ်ရေးလေ့ကျင့်ကွင်းအတွင်း အဆက်မပြတ် ပဲ့တင်ထပ်နေပြီး စုရန်၏ လေးနက်သော အသံက သူတို့၏ရယ်မောခြင်းကို အနှောင့်အယှက် ပေးလိုက်သည်။

"တာ့ကော"

စုလင်းနှင့် ကုယွင်က တစ်ချိန်တည်း လှည့်ကြည့်လိုက်ပြီး စုရန်က လေးနက်သောမျက်နှာထားဖြင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

စုလင်းက သူ ဆုပ်ကိုင်ထားသော ကုယွင်၏လက်ကို လွှတ်ပေးလိုက်ပြီး စုရန်ကို လှမ်းမေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ?"

စုရန်က "ကျွန်တော် စာရွက်စာတမ်းတချို့ကို မပို့ရဘူး၊ အဲဒါတွေကို တာ့ကော ပြန်သုံးသပ်ဖို့ စောင့်နေတုန်းပဲ"

စုလင်းနှင့် စုရန်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ညီအစ်ကို နှစ်ယောက်လုံးက ကုယွင်ကို ကြည့်လိုက်ကြသည်။ စုလင်းက ကုယွင်ကို "သူတို့လည်း တရက်လုံး ညှဉ်းပန်းနှိပ်စက်ခံထားရပြီးပြီ။ မနက်ဖြန်မှ လေ့ကျင့်ရေးကို တရားဝင် စတင်ကြရအောင်။ မင်းလည်း သွားနားလိုက်တော့"

ကုယွင်က ရယ်မောလိုက်ပြီး "ကောင်းပြီ၊ ဒီနေရာကို ကျွန်မနဲ့ထားခဲ့ပြီး ရှင့်ရဲ့ကိစ္စတွေကိုပဲ သွားဖြေရှင်းလိုက်ပါ"

ပုံမှန်အားဖြင့် စုရန်က မျက်နှာအမူအရာများကို မဖော်ပြတက်သော်လည်း ယခုအချိန်တွင် သူ့မျက်နှာက လေးနက်နေသောကြောင့် စုလင်းက ခေါင်းညိတ်ပြလိုက်ပြီး နောက်ပြန်လှည့်ကာ စုရန်နှင့်အတူ လေ့ကျင့်ကွင်းမှ ထွက်လာခဲ့သည်။ တံခါးမှ ထွက်သည်နှင့် တပြိုင်နက် စုလင်းက "ဘာကိစ္စရှိလို့လဲ?"

"မနေ့ညက အနက်ရောင်ဝတ်လူတွေက ကျုလင်ကျွန်းကပါ။ သူတို့ ရောက်လာတဲ့ ရည်ရွယ်ချက်က ချင်းမော့ကို ဖမ်းဆီးပြီး အော်ကျိကို လွှတ်ပေးဖို့ ခြိမ်းခြောက်ချင်တာပါ"

စုလင်းက အေးစက်စွာ နှာမှုတ်လိုက်သည်။ "ဖြစ်နိုင်မယ်လို့ ထင်နေကြတာလား?"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များTempat cerita menjadi hidup. Temukan sekarang