Chapter 32.2

872 100 0
                                    

အခန်း ၃၂ ဒါက ဒီလိုပေါ့ (အပိုင်း ၂)

အေးခဲနေတာလား? ပင်းလျန့်က အမြဲတမ်း အေးစက်နေတက်ပေမယ့် ခြံဝင်းထဲကို ဝင်ဖို့ သည်းမခံနိုင်တော့လောက်အောင်တော့ မအေးနေတက်ပါဘူး။ စုလင်းက ဘာကြောင့်မှန်း မသိသော်လည်း ဒါက ချူံခိုတိုက်ခိုက်တာ မဟုတ်ကြောင်း သိလိုက်ရပြီး သူ့စိုးရိမ်မှုတစ်ဝက်လောက်က သက်သာရာရသွားသည်။ သို့သော်လည်း သူက သူ့ခြေလှမ်းများ၏ အရှိန်ကို လျော့ချရန် ဆန္ဒမရှိခဲ့ပေ။

အသက်ကြီးပုံရသော အစောင့်တပ်သားက မြင်းကို ကြိုးချည်ပြီး ပြန်လာခဲ့သော်လည်း စစ်သူကြီးနှစ်ဦး ပျောက်ကွယ်သွားသည်မှာ ကြနေပြီ ဖြစ်သည်။ သူက သူ့တာဝန်ကျရာနေရာတွင် သေသေချာချာ မတ်တပ်ပြန်မရပ်နိုင်သေးမီ သတင်းသွားပို့သော စစ်သည်ငယ်လေးက နောက်ကြောင်း ပြန်လှည့်လာသည်။ အစောင့်စစ်သည်ကြီးက စိုးရိမ်တကြီးဖြင့် "မင်း... အခုန စစ်သူကြီးကို တွေ့လိုက်လား?"

စစ်သည်ငယ်လေးက ခေါင်းယမ်းပြလိုက်ပြီး "မတွေ့ဘူး"

"ဒုတပ်မှူးကိုရော တွေ့လိုက်လား?"

စစ်သည်ငယ်လေးက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။ "မတွေ့ဘူး၊ သူ့ခြံထဲမှာလည်း မရှိဘူး"

သူ လိုက်ရှာရန် ထွက်သွားခဲ့သော်လည်း ဒုတပ်မှူးကို မတွေ့ခဲ့ရပေ။ သူ စာကြည့်ဆောင်ကို သွားရှာတာတောင် ဒုတပ်မှူးကို မတွေ့ခဲ့ရဘူး။ ဒုတပ်မှူးနဲ့ တခြားသူတွေ အပြင်ကို မထွက်တာ အသိသာကြီးလေ။ ဒါဆို သူ ဘာလို့ ဘယ်သူ့ကိုမှ ရှာမတွေ့ရတာလဲ?

လေပြင်းတိုက်တဲ့ညမှာ အစောင့်များက ချွေးတလုံးလုံး ထွက်နေပြီး အသက်ကြီးသောစစ်သည်က "ယဲ့ထျန်းခြံဝင်းမှာ တစ်ခုခုဖြစ်ခဲ့တယ်လို့ အခုန ဟန်စစ်သူကြီးပြောတာကို ကြားလိုက်တယ်။ အဲ့တာက ချင်းသခင်မလေးနေတဲ့ နေရာ မဟုတ်ဘူးလား?"

"အခု ငါတို့ ဘာလုပ်သင့်လဲ" စစ်သည်ငယ်လေးလည်း တုန်လှုပ်သွားသည်။ ဒီလိုဖြစ်မှန်းသိရင် အခုန ချင်းသခင်မလေးကို အိမ်တော်ကနေ မထွက်ဖို့ အတင်း တောင်းပန်ထားလိုက်တာပေါ့။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now