အခန်း ၄၀ စစ်တပ်နှင့်အတူ ထွက်ခွာ (အပိုင်း ၁)
နံနက်စောစောတွင် မြို့ပြင်ရှိ စုမိသားစု၏စစ်စခန်းတွင် အရာရှိစစ်သည်များအပါအဝင် စစ်သည်ငါးသောင်းခန့်က အသင့်အနေအထားဖြင့် သပ်သပ်ရပ်ရပ် တန်းစီပြီး ဖြစ်နေသည်။ သူတို့၏ ပင်လယ်ဓားပြများကို ဝန်းရံနှိမ်နင်းရာတွင် ပါဝင်ရမည့် တစ်စိတ်တပိုင်းဖြစ်ပြီး စုလင်းက တောင်ပိုင်းမြို့စောင့်တပ်မှ တပ်ဖွဲ့ဝင်နှစ်သောင်းကို ကြိုတင်စေလွှတ်ပြီး ဖြစ်ကာ အတူတကွ ပူးပေါင်း တိုက်ခိုက်ရမည်ဖြစ်သည်။ ပင်လယ်ဓားပြက ထောင်ပေါင်းများစွာ ရှိနေသော်လည်းက စုလင်းက ထိပ်တန်းစစ်သည်များနှင့် စစ်သူကြီးများကို တပ်ဖြန့်ထားခဲ့သည်။ ယခု တစ်ကြိမ်တွင် စုလင်းက ပင်လယ်ဓားပြများကို နှိမ်နင်းရန် မည်မျှစိတ်ပိုင်းဖြတ်ထားကြောင်း ပြသနေသည်။
ဒဏ်ရာ အပြင်းအထန် ရထားသောကြောင့် မလိုက်ပါနိုင်သော လော့ရန်မှ လွဲပြီး ကုယွင် လေ့ကျင့်ပေးထားသော အထူးတပ်ဖွဲ့တစ်ရာကျော်က အဖွဲ့ရှေ့တွင် ရပ်နေကာ လက်ထောက်ယု ဦးဆောင်ပြီး စစ်တပ်နှင့်အတူ ထွက်ခွာမည် ဖြစ်သည်။ သူတို့၏ ထူးဆန်းသော ၀တ်စားဆင်ယင်မှုက အခြားသောစစ်သည်များ၏ စူးစမ်းလိုသော မျက်လုံးများကို ဆွဲဆောင်နိုင်ခဲ့သည်။ သာမာန်စစ်သည်ဆယ်ဦး၏ လှံနှင့် ဓားများနှင့် နှိုင်းယှဉ်နိုင်သော လက်နက်များကို သူတို့ကိုယ်တွင် သယ်ဆောင်ထားပြီး သူတို့၏ခါးများတွင် ဒူးလေးနှင့် ငွေမြှားများကို ချိတ်ဆွဲထားကာ အသွားတိုသော ဓားမြှောင်များကို ခြေထောက်တွင် ပတ်ချည်ထားကြသည်။ လက်နက်များက ပိုဆန်းသစ်နေပြီး လူတိုင်းကို မနာလိုဖြစ်စေသည်မှာ သိသာ ထင်ရှားနေသည်။
တပ်ရင်းတစ်ခုစီမှ စစ်သူကြီးများက သူတို့၏တပ်များကို အမိန့်ပေးနေကြသည်။ စုလင်းက အဖွဲ့ရှေ့တွင် လက်နှစ်ဖက် နောက်ပစ်ကာ မတ်တပ်ရပ်နေပြီး သူ့မျက်နှာက ညိုမှိုင်းနေသည်။ ကုယွင်က သူမလက်ထဲတွင် ပင်းလျန့်ကို ဆုပ်ကိုင်ထားပြီး စခန်း၏အလံတိုင်နှင့် လူများကို ဝမ်းသာအားရ စိုက်ကြည့်နေသည်။ ဟန်ရှုက တိတ်တဆိတ် ရယ်မောလိုက်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က အေးစက်စက် မျက်နှာရှိနေသည်မှာ ချင်းမော့ဖြစ်ပြီး ယခုအချိန်တွင် အေးစက်နေသူမှာ စစ်သေနာပတိချုပ်စု ဖြစ်နေသည်။ ဒီလူနှစ်ယောက်က တကယ်ကို စိတ်ဝင်စားစရာဖို့ ကောင်းတယ်။
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"