Chapter 19.11/19.12

532 62 0
                                    

အခန်း ၁၉ မင်္ဂလာလက်ဆောင် (အပိုင်း ၁၁)

ယဲ့ထျန်းခြံဝင်းတွင်...

ခြံဝင်းထဲတွင် မည်သူမျှ မနေထိုင်တာ ကြာပြီဖြစ်သောကြောင့် စားပွဲနှင့် ကုလားထိုင်များ နေရာချထားခြင်း မရှိသေးဘဲ မြက်ခင်းစိမ်းစိမ်းတွေ ရှိနေပေမယ့် ထိုင်စရာနေရာတော့ မရှိသေးပါဘူး။ လရောင်အောက်တွင် အနက်ရောင်၀တ်စုံ ဝတ်ထားသော မိန်းခလေးတစ်ဦးက မြက်ခင်းပြင်ပေါ်ထိုင်နေကာ သူမလက်ထဲတွင် အဖြူရောင် ဓားရှည်တစ်ချောင်းရှိနေပြီး သူမခြေထောက်နားတွင် အမှိုက်ပုံလား ရေခဲပုံလား မသဲကွဲသော အပုံကြီးတစ်ပုံရှိနေသည်။

"ပင်းလျန့်၊ စိတ်အေးအေးထားပါ၊ အဲ့လေအေးတွေကို ထပ်မလွှတ်နဲ့တော့၊ ဒါက နင် ခဲလိုက်တဲ့ တတိယမြောက်ပုဝါ ဖြစ်နေပြီ။ နင် အဲ့လိုဆက်လုပ်နေရင် ငါ နင်ကို ထပ်ပြီး မသုတ်ပေးတော့ဘူး!"

သူမ၏ပြိုင်ဘက်က အရာဝတ္တုတစ်ခုဖြစ်သော ဓားရှည်ကြီးဖြစ်နေပေမယ့် ကုယွင်က ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေသည်။

လရောင်အောက်တွင် တလက်လက်တောက်ပနေသော အဖြူရောင်ဓားရှည်ကြီးက အလွန်အမင်း စွပ်စွဲခံလိုက်ရသလို ခံစားလိုက်ပြီး နာကျည်းနေပုံနှင့် အနည်းငယ် ပိုတောက်ပလာကာ အေးစက်သောလေကို ပြင်းပြင်ထန်ထန် ဆက်ထိန်းထားသည်။ ကုယွင်က ရေစိုအဝတ်စကို ကောက်ကိုင်လိုက်ပြီး ဂရုတစိုက် သုတ်ပေးနေသည်။ စိုစွတ်နေသော အဝတ်စပေါ်မှ ရေများက ရေခဲလွှာများအဖြစ်သို့ ဆက်ပြောင်းနေပေမယ့် ကံကောင်းစွာပင် ရေခဲတုံးတော့ ဖြစ်မသွားသေးပေ။ ကုယွင်က စိုစွတ်နေသော နောက်အဝတ်တစ်ကို ထပ်ယူကာ ဓားကိုယ်ထည်ကို ညင်သာစွာ ပွတ်တိုက်လိုက်သည်။

တံခါးအပြင်ဘက်မှ အေးစက်ပြီး မာနကြီးပုံပေါ်သော အမျိုးသားက ထိုမြင်ကွင်းကို ကြည့်နေပြီး သူ့မျက်နှာပေါ်မှ အပြုံးကို ထိန်းမထားနိုင်တော့ပေ။ သူမက ပင်းလျန့်ကို လေအေးတွေ မထုတ်လွှတ်ဖို့ ဆူပူကြိမ်းမောင်းနေတယ်ပေါ့။ အဲ့တာက ထာဝရရေခဲကနေ လုပ်ထားတဲ့ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ရှေးဟောင်းဓားရှည်ကြီးလေ... ဘယ်လိုလုပ် လေအေးတွေ မထုတ်လွှတ်ပဲ နေနိုင်မှာလဲ? ပြီးတော့ ဒီနှစ်တွေတစ်လျှောက်မှာ ဘယ်သူကမှ ပင်းလျန့်ကို သန့်စင်ပေးတယ်လို့ သူ မကြားခဲ့ဖူးဘူး။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now