Chapter 30.3

935 107 0
                                    

အခန်း ၃၀ ရေခဲဓား၏ နက်နဲသော လျို့ဝှက်ချက်များ (အပိုင်း ၃)

မနက်ပိုင်း လေ့ကျင့်ရေးသင်တန်းက စစ်သည်များ၏ ခြေလက်များကို နာကျင်စေသည်။ အထူးသဖြင့် သူတို့ မထီမဲ့မြင်ပြုခဲ့သော ဖားခုန်ခြင်းကို အကြိမ်ငါးရာလုပ်ပြီးနောက်တွင် သူတို့၏ခြေထောက်များက လမ်းလျှောက်ရန်ပင် အားနည်းလာတော့သည်။ ကံကောင်းထောက်မစွာဖြင့် ကုယွင်က သူတို့ကို အခက်အခဲ မဖြစ်စေဘဲ အချိန်ဇယားအတိုင်း မနက်စာစားရန် ပြန်ခွင့်ပြုလိုက်သည်။

ယခုရက်သတ္တပတ်အတွက် လေ့ကျင့်ခန်းများက ထိုမနက်စာအပြီးတွင် စတင်မည် ဖြစ်သည်။ ယခုအခါ ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် စစ်သည်များ၏ခြေလက်များက လေးလံကာ ထော့နဲ့ နေသလို ခံစားနေကြရပြီး မစားနိုင် မသောက်နိုင် ဖြစ်နေကြသည်။ ရေသောက်ရန်ပင် မနဲရုန်းကန်နေရသည်။ ကုယွင်က သူတို့နဲ့ အတူ မနက်စာစားနေပြီး သူတို့ မနက်စာ နည်းနည်းလေး စားတာကို သူမ မြင်နေရသည်။ သူမက ဘာမှ မပြောဘဲ မုန့်ပေါင်းသုံးလုံးကိုစားပြီး ယာဂုတစ်ပန်းကန်ကို သောက်နေသည်။

မနက်စာစားပြီးသောအခါ လူတစ်စုက တောအုပ်ထဲတွင် နောက်တကြိမ် တန်းစီပြီးဖြစ်နေသည်။ သူတို့‌ရှေ့မှ မြေပြင်ပေါ်တွင် အမျိုးအစား စုံလင်သော လက်နက်မျိုးစုံကို တွေ့နိုင်ပြီး တစ်ချက်ကြည့်လိုက်လျှင် လေး၊ ဒူးလေး၊ မီးပေါက်သေနတ်၊ ဓားမြှောင်၊ ဓားရှည်၊ လှံ၊ ဒိုင်း၊ ပုဆိန်တို၊ ပုဆိန်ရှည်၊ လှံပုဆိန်၊ တင်းပုတ်၊ ပေါက်ချွန်း၊ ခက်ရင်းခွ၊ ကွင်းပါးသည့်ကြိုးထုံး စသည့် ဆယ့်ရှစ်မျိုးသော လက်နက်များကို အပြည့်အစုံ ရှိနေသည်ဟု ဆိုနိုင်သည်။ လက်နက်တစ်ခုစီ၏ရှေ့တွင် ရပ်နေသူတစ်ဦး ရှိနေသော်လည်း ၎င်းတို့အထဲတွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အသက်ငါးဆယ်အရွယ် လူတစ်ယောက်လည်း ရှိနေသည်။

ကုယွင်က သူ့ကို ပထမဆုံးအကြိမ် စတွေ့ချိန်က အံ့အားသင့်ခဲ့ရသည်။ သူမက လက်ထောက်ယုကို စစ်တပ်အတွင်းမှ လက်နက်မျိုးစုံတွင် တစ်ခုစီချင်း၏ အကျွမ်းကျင်ဆုံးလူများကို ရှာဖွေရန် တောင်းဆိုခဲ့သော်လည်း ထိုမျှ ထူးဆန်းသောသူများ ရှိနေမည်ဟုတော့ သူမ မမျှော်လင့်ခဲ့ပေ။ တကယ်တော့ သူတို့ တစ်ယောက်ချင်းစီတိုင်းမှာ သူတို့ရဲ့သီးသန့်အားသာချက်တွေ ရှိနိုင်ပါတယ်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now