အခန်း ၂၉ ထိပ်တန်းလက်ရွေးစင် စစ်သည်များ (အပိုင်း ၅)
"လက်ထောက်ယု"
"ဟုတ်ကဲ့" လက်ထောက်ယုက ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
"ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီလား"
" ဟုတ်ကဲ့ "
"သူတို့ကို ပေးလိုက်"
" ဟုတ်ကဲ့"
ခဏအကြာတွင် လူတိုင်း၏ခြေရင်းသို့ ဒူးလေးတစ်ချောင်းရောက်ရှိလာသည်။ လူများစွာက တုံ့ဆိုင်းစွာ ထထိုင်ကာ အသစ်ရရှိထားသော လက်နက်များကို လေ့လာစပြုလာကြသည်။ သို့သော်လည်း လူအများက ပင်ပန်းလွန်း၍ တစ်လက်မမျှ လှုပ်ရှားချင်စိတ် မရှိတော့ပေ။
ကုယွင်က အတုံးအရုန်း လဲပြိုနေသော စစ်သည်အုပ်စုကို တိတ်တဆိတ် စောင့်ကြည့်နေပြီး လက်ထောက်ယုက လူတိုင်းကို လေးပစ်လေ့ကျင့်ရေးပစ်မှတ်များရှိသော လေ့ကျင့်ရေးကွင်းအလယ်သို့ ရွှေ့ခိုင်းလိုက်သည်။
စုလင်းက စူးစူးဝါးဝါး စိုက်ကြည့်နေရင်း ကုယွင်ကို မေးလိုက်သည်။
"မင်း ဘာတွေလုပ်နေတာလဲ?"
ကုယွင်က ထူးထူးခြားခြား ပြုံးနေပြီး "ခနနေရင် သိလိမ့်မယ်"
လေ့ကျင့်ရေးကွင်း၏အလယ်တွင် စားပွဲငယ်ဆယ်လုံးရှိပြီး စားပွဲတစ်လုံးစီတွင် ပစ်မှတ်ရှစ်ခုစီ ရှိနေသောကြောင့် စစ်ရေးလေ့ကျင့်ကွင်းတစ်ခုလုံးတွင် ပစ်မှတ်ရှစ်ဆယ်ရှိနေသည်။ သို့သော်လည်း ပစ်မှတ်များကို စားပွဲများ၏အကွာအဝေးတစ်ခုအထိ နေရာအနှံအပြား ပြန့်ကျဲနေအောင် နေရာချထားသည်။
အားလုံး အဆင်သင့်ဖြစ်သွားချိန်တွင် ကုယွင်က ကျယ်လောင်စွာ အော်လိုက်သည်။ "တန်းစီလိုက်"
သူတို့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ပင်ပန်းနွမ်းနယ်နေပြီး ကွဲထွက်လုနီး ဖြစ်နေကာ အကြာကြီး အိပ်ချင်နေသော်လည်း သူတို့က စစ်သည်များ ဖြစ်နေသောကြောင့် အမိန့်ကို နာခံရန်သာ တက်နိုင်ပြီး ငြင်းဆန်ရန် အကြောင်းပြချက် လုံးဝ မရှိပေ။ ထိပ်တန်းစစ်သည်အုပ်စုက ပုံမှန်ထက် နှစ်ဆ နှေးကွေးသော အရှိန်ဖြင့် တန်းစီနေကြသော်လည်း သပ်သပ်ရပ်ရပ် တန်းစီနိုင်ကြသေးသည်။ ကုယွင်က သူတို့ကို ပြင်းပြင်းထန်ထန် မဝေဖန်ဘဲ အေးစက်စွာ ပြောလိုက်သည်။ "မင်းတို့ရဲ့ဒူးလေးတွေကို မင်းတို့ရဲ့ခြေထောက်နားမှာ ချထားလိုက်၊ ငါ့အမိန့် မရဘဲ အဲ့တာကို ထပ်ထိဖို့ ခွင့်မပြုဘူး"
YOU ARE READING
စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များ
Historical Fiction"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)"