Chapter 34.1

874 91 0
                                    

အခန်း ၃၄ စိတ်ပျက်စရာ (အပိုင်း ၁)

စုယွိက စာဖတ်ခန်းတံခါးဆီသို့ လျှောက်သွားရာ တံခါးက ပွင့်နေပြီး အခန်းတစ်ခုလုံးက ရေခဲများဖြင့် ဖုံးလွှမ်းနေသည်။ အခန်းထဲမှ စုလင်းက စားပွဲရှေ့တွင် ရပ်နေပြီး သူ့ကို ကျောပေးထားသည်ကို တွေ့လိုက်ရသည်။ စုယွိက ခဏတုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် သူက အခန်းထဲသို့ ၀င်သွားသည်။ စုလင်းက စကားမပြောသလို စုယွိကလည်း စကားမပြောသောကြောင့် သူတို့နှစ်ယောက် အချိန်အတော်ကြာအောင် စကားမပြောဖြစ်ကြပဲ ကြီးမားသော စာဖတ်ခန်းက အလွန်တိတ်ဆိတ်နေသည်။ ပုံမှန်မဟုတ်သော တိတ်ဆိတ်မှုတစ်ခုဖြစ်နေသောကြောင့် နှလုံးခုန်သံကပင် မြေပြင်ပေါ်သို့ကျနေသော ‌ရေစက်သံကဲ့သို့ ရှင်းလင်းနေသည်။

"မင်း ဘာမှ မပြောတော့ဘူးလား" စုလင်းက စုယွိကို ကျောပေးထားရင်း မေးလိုက်သည်။ စုယွိက စုလင်း၏အမူအရာကို မမြင်ရသော်လည်း အသံကို နားထောင်ရုံဖြင့် သူ့အစ်ကိုကြီး ဒေါသထွက်နေမှန်း သိထားပြီးဖြစ်သော်လည်း သူ့အစ်ကိုကြီး ဒေါသမပေါက်ကွဲစေရန် စိတ်ရှည်သည်းခံရန်သာ ကြိုးစားနေရပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိသည်။

"အသိဝင်ပြီလား?"

စုယွိက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "တာ့ကော၊ ကျွန်တော် တောင်းပန်ပါတယ်"

တကယ်တော့ ချင်းမော့အနားမှာ သူ့အစ်ကိုအကြီးဆုံး မရှိရင်တောင် ချင်းမော့က သူနဲ့မသက်ဆိုင်နိုင်ဘူးဆိုတာကို သူ ကောင်းကောင်း နားလည်ပါတယ်။ ဒါပေမယ့် သူ့ရင်ထဲမှာ အဆင်မပြေသလို ခံစားနေရတယ်။ သူက သူ့ရဲ့ ဝေဒနာတွေ အရမ်းကြီး မနာကျင်ရအောင် သူ့ကိုယ်သူ အရက်ထဲနစ်ဖို့ နည်းနည်းသောက်ချင်ပေမယ့် သူမူးမူးနဲ့ လျှောက်ပြောပြီး အလွဲအချော်တွေ အများကြီးဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။

စုယွိက သူ့အစ်ကိုကြီး၏ အော်ဟစ်ဆူပူသံကို စောင့်မျှော်နေရင်း ခေါင်းကို အနည်းငယ် ငုံ့ထားလိုက်သည်။ သူ့အစ်ကိုကြီးက သူ့ကို ထိုးကြိတ်မယ်ဆိုရင်တောင် သူ့မှာ ပြောစရာ မရှိတော့ပါဘူး။ ဘယ်သူက သူ့မရီးကို သူ့ကို ချစ်ခိုင်းခဲ့လို့လဲ?

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now