Chapter 17(7/8)

646 67 0
                                    

အခန်း ၁၇ ထူးဆန်းသောဖြစ်ရပ် (အပိုင်း ၇)

ဒါပေမယ့် ကုယွင်က ကျွော့ချင်း မတ်တပ်ထရပ်လာပြီး သူမရဲ့ စကတ်စကို လှမ်းကိုင်လိုက်မယ်လို့ မမျှော်လင့်ထားပါဘူး။ ကုယွင်က စုမူဖုန်းကိုပဲ အာရုံစိုက်နေပြီး အဲ့ခဏလောက်အတွင်းမှာ ဘာကိုမှ ဂရုမစိုက်မိတာကြောင့် ထိတ်လန့်တကြားနဲ့ ရှေ့ကို ယိုင်ကျသွားခဲ့သည်။ ကံကောင်းစွာနဲ့ပဲ၊ သူမက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ပြုတ်ကျခြင်းမှ ကင်းဝေးစေရန် စုမူဖုန်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။

တည့်တည့်မတ်မတ်ပြန်ရပ်ပြီးနောက် ကုယွင်က "တောင်းပန်ပါတယ်"

သူမက သူမလက်ကို ပြန်ဖယ်ရန် တွေးလိုက်ချိန်တွင် စုမူဖုန်း၏လက်မောင်းက အနည်းငယ် တုန်ရီလာသည်ကို တွေ့လိုက်ရသည်။ သူမက မျက်လွှာပင့်ကာ စုမူဖုန်းကို မော့ကြည့်လိုက်သည်။ အေးစက်တည်ငြိမ်သော မျက်နှာတွင် တမင်ဖုံးကွယ်ထားသော တင်းမာမှုနှင့် ထိတ်လန့်မှုတို့ကို ပြသနေသည်။ ကုယွင်က အနည်းငယ် အံ့သြသွားပြီး သူမက သူ့လက်ကို ဆက်ပြီး အမှီပြုနေလိုက်သည်။

ကျွော့ချင်းက သူမ ဘယ်လိုနေလဲဆိုတာကို မေးဖို့ ခြေလှမ်းစတော့မှာကို မြင်လိုက်တာကြောင့် ကုယွင်က ခန္ဓာကိုယ် လျော့ချလိုက်ကာ စုမူဖုန်းကို မှီလိုက်ပြီး "ငါ့ခြေထောက်က အကြောတင်သွားပုံရတယ်"

ဒါက အကြောတင်သွားတာလား?! မဖြစ်နိုင်ဘူး! တကယ် အကြောတင်သွားရင်တောင် ကုယွင်က ပြန်မထဘဲ အခြားလူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ နေနေမယ့်သူမျိုး မဟုတ်ပါဘူး။

သူမက သူ့လက်ထဲမှာ ပျော့ခွေနေတာကြောင့် စုမူဖုန်းက သိသိသာသာ တောင့်တင်းလာသည်ကို ကုယွင်က ခံစားသိရှိနိုင်သည်။ သူက သူမကို သစ်သားကုလားထိုင်ဆီသို့ အတင်းတွန်းပို့လိုက်ပြီး သူ့အသံကလည်း အေးစက်သွားတော့သည်။

"သခင်မလေး၊ ထိုင်ပါ"

ကုယွင်၏မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်လာပြီး သူမခန္ဓာကိုယ်တစ်ခုလုံးက သူ့လက်မောင်းထဲများတွင်သာ ရှိနေရုံမက သူမလက်များကပါ သူ့ခါးကို ဖက်ထားခဲ့သည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now