Chapter 19.9/19.10

531 56 3
                                    

အခန်း ၁၉ မင်္ဂလာလက်ဆောင် (အပိုင်း ၉)

"အိုး... ဟုတ်သားပဲ" ကုယွင်က သူမ ဒီကိုရောက်လာအောင် သူလုပ်ခဲ့တဲ့ ဒုတိယကိစ္စကို တွေးမိသွားပြီး သူမအင်္ကျီလက်ထဲမှ အစိမ်းနုရောင်ဘူးလေးကို ထုတ်ယူလိုက်ပြီး စုလင်း၏ စားပွဲခုံပေါ် ညင်သာစွာ တင်လိုက်ကာ ပြုံးပြီး ပြောလိုက်သည်။ "ဒါက ကျွန်မ ပစ္စည်း မဟုတ်ဘူး၊ ရှင့်ဆီကို ပြန်ပေးမယ်"

စုလင်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး စိတ်မသက်မသာဖြစ်နေသော အေးစက်စက်အသံဖြင့် ပြန်ဖြေလိုက်သည်။ "အဲ့ဒါကို မင်း ပိုင်တယ်"

ကုယွင်က သံသယစိတ်ဖြင့် စုလင်းကို စိုက်ကြည့်နေလိုက်သည်။ စုလင်းက ခေါင်းငုံ့ထားပြီး သူ့လက်ထဲမှ မြေပုံများကိုသာ ဆက်ကြည့်နေကာ "ငါ မင်းကို ပေးတာ"

ကုယွင်က သူမမျက်ခုံးများကို အနည်းငယ် ပင့်လိုက်ပြီး ပြုံးလိုက်ကာ "ဘာလို့ အကြောင်းပြချက်မရှိဘဲ ကျွန်မကို တစ်ခုခုပေးတာလဲ?"

စုလင်းက သေတ္တာကို ကုယွင်ရှေ့သို့ တွန်းပို့လိုက်ရင်း တည်ငြိမ်ဟန်ဆောင်လိုက်ကာ "ဒီတခေါက် သူပုန်တွေကို နှိမ်နင်းပေးတဲ့ မင်းရဲ့နည်းဗျူဟာအတွက် ကျေးဇူးတင်လက်ဆောင်ပါ၊ မင်း လက်ခံနိုင်မလား?"

အဲ့တော့ အကြောင်းအရင်းက အဲ့ဒါပေါ့။ ကုယွင်က ရက်ရောစွာ ပြုံးလိုက်ပြီး "ရှင့်ရဲ့ရည်ရွယ်ချက်ကို လက်ခံပေမယ့် လက်ဆောင်ကိုတော့ မယူဘူး၊ ဘာပဲဖြစ်ဖြစ် အဲ့တာက ကျွန်မအတွက် မသင့်တော်ဘူး"

ဒီလို လှပတဲ့ လက်ဝတ်ရတနာတွေကို သူမကို ပေးလိုက်တာက အလဟသ ဖြုန်းတီးတာပါပဲ၊ ကုယွင်က သေတ္တာကို ညင်သာစွာ ပြန်တွန်းလိုက်သည်။

သူ အမျိုးသမီးတစ်ဦးအား တစ်စုံတစ်ခု ပေးအပ်ခြင်းက ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ကောင်းကင်ဘုံကသာ သိတော်မူပြီး သူမက အမှန်တကယ်ပင် ၎င်းကို အလိုမရှိပေ။ တန်ဖိုးထားရကောင်းမှန်း နားမလည်တဲ့ အမျိုးသမီးကို တစ်ခုခု ပေးချင်တာက သူ ရူးနေလို့ ဖြစ်လိမ့်မယ်။ စုလင်းက ရှက်ကိုးရှက်ကန်းဖြင့် ကုယွင်ကို စိုက်ကြည့်နေကာ အေးစက်သော လေသံဖြင့် "ငါ ပေးပြီးပြီဆိုတော့ အဲ့ဒါက မင်းအတွက်ပဲ။ မင်း မကြိုက်ရင် လွှင့်ပစ်လိုက်!"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now