Part 157

1.1K 113 0
                                    


အခန်း (၁၅၇)

မော့ကျားရှုကို မော့ယွီစန်း၏ ဗီလာသို့ ပြန်ပို့ ပြီးသည့်နောက်တွင် အန်းရှသည် နေဖို့ရန် မရည်ရွယ်ခဲ့ပေ။ ကလေးငယ်၏ ခရီးဆောင် အိတ်ကို ချပြီးသည့် နောက်တွင် သူမ၏ သူငယ်ချင်း ချန်းရွှယ်မင်ထံ သွားလည်ရန် စီစဉ်ခဲ့သည်။

သို့ပေမယ့်လည်း သူမ ကားထဲသို့ မဝင်မီ သွယ်လျသော အသွင်ပြင် တစ်ခုက သူမဆီသို့ လမ်းလျောက် လာခဲ့သည်။

"ရှရှ"

အန်းရှက ငြင်သားစွာ ခေါင်းငြိမ့်လိုက်ပြီး

"မိန်းကလေး ထောင်"

ထောင်ဇီရှင်းက မော့ယွီစန်း၏ အိမ်တွင် နေထိုင်နေသည်မှာ အန်းရှကို အနည်းငယ် အံ့ဩသွားစေခဲ့သည်။

တကယ်တေ့ာ ထောင်ဇီရှင်းနှင့် အမျိူသားဇာတ်လိုက်တို့သည် သူတို့ မဂ်လာဆောင်ပြီးသည် တိုင်အောင် အတူမနေခဲ့ကြချေ။

သူမနှင့် မော့ယွီစန်းတို့သည် လက်မထပ်ရသေးကြောင်း သိသာထင်ရှားပြီး ချစ်သူ ရည်းစားပင် မဟုတ်သည်ကို သူမ ခန့်မှန်းမိသည်။

ဇာတ်လမ်းတွေ စတင်ပြောင်းလဲလာသည်။

ထိုအချိန်တွင် မူလ ပိုင်ရှင်နှင့် အမျိုးသမီး ဇာတ်လိုက်တို့ ပြန်ပေးဆွဲခံရသည့် အကြောင်းမှာ သူမဆီတွင် ဖြစ်လာခဲ့သည်။

သူမပြုလုပ်လုပ်သော ပြောင်းလဲမှုများကြောင့် ဇာတ်လမ်းက လုံးဝ ပျက်စီးသွားပြီး ဘာမှဖြစ်မလာခဲ့ တော့ချေ။

"မင်းဘာကြောင့် ဒီကိုရောက်နေတာလဲ"

မော့ကျားရှု ဘက်‌ကနေ ထောက်ဇီရှင်း၏ အမူအရာကို မြင်ရပြီးသည့်နောက်တွင် သူ၏ မျက်နှာပျက်သွားခဲ့သည်။

သူအိမ် ပြန်သွားသည့် အချိန်အတောအတွင်း သူ၏ အသုံးမကျသော အဖေက ဘာစကားတစ်ခုမှ မပြောဘဲ ထောင်ဇီရှင်းကို အိမ်ထဲမှာ ခေါ်ထားလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။

"ရှရှ ကျားရှု ငါ့ကိုတစ်မျိုး မထင်ပါနဲ့။ ငါ့မှာ နေစရာ မရှိလို့ အစ်ကို မော့က ငါနဲ့ ကလေးနှစ်ယောက်ကို ဒီမှာ နေခွင့်ပြုထားတာပါ။ ပြီးတော့ ငါ ဒီမှာ အလကား မနေပါဘူး။ အစ်ကိုမော့အတွက် ငါနေ့တိုင်း ချက်ပြုတ်ပေးပြီး သန့်ရှင်းရေး လုပ်ပေးပါတယ်"

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now