Part 158

876 95 1
                                    


အခန်း (158)

ဖုန်းများ ခေါ်ဆိုပြီး သွားသည့်‌နောက်တွင် အန်းရှသည် အိမ်မှုကိစ္စ ထိန်းသိမ်းပေးသော ကုမ္ပဏီ ထပ်မံ ဆက်သွယ်ခဲ့ပြီး အိမ်တွင် ဝယ်‌ထားသော ပစ္စည်းများကို သန့်ရှင်းရေးလုပ်ရန် အချိန်ပိုင်း အလုပ်သမား တစ်ဦးကို ရှာဖွေခဲ့သည်။

အရာအားလုံး စီစဉ်ပြီးသွားသည့် နောက်တွင် အန်းရှသည် မူလပိုင်ရှင် ချန်ထားခဲ့သော ဇိမ်ခံပစ္စည်းများကို တရားဝင် ထုပ်ပိုးတော့သည်။

တစ်နည်းပြောရရင် ငါးနှစ်အတွင်း မူလပိုင်ရှင် ဝယ်ထားသော အကျိုးအမြတ်များသည် မော့ယွိစန်း သူမကို ပေးသော နစ်နာကြေးထက် အမှန်တကယ် နည်းမည် မဟုတ်ပေ။

အဝတ်စား အခန်းတွင် အဝတ်စားများနှင့် ပြည့်‌နှင့်နေပြီဖြစ်သည်။

ဖော်ပြနေစရာ မလိုအောင် အခြား နာမည်ကြီး အဝတ်အစား စတိုင် မျိုးစုံ ရှိသည်။

ပုံမှန် စတိုင်တွေ ရာသီအကူးအပြောင်း စတိုင်တွေ လတ်တလော နာမည်ကြီး စတိုင်တွေ ကျော်ကြားတဲ့စတိုင်တွေ အတိုချုပ်ပြောရလျှင် အဝတ်လဲ အခန်းထဲတွင် နာမည်ကြီး အဝတ်အစား မျိုးစုံကို မြင်တွေ့နိုင်သည်။

အခြား နာမည်ကြီးတဲ့ လက်ဝတ် ရတနာတွေ အိတ်တွေ ဖိနပ်တွေ နဲ့ ဦးထုပ်တွေက ပို၍ ပင် အမျိုးစား ကွဲပြားသည်။

ဗီလာထဲရှိ တစ်ရာ စတုရန်းမီတာ ရှိသည့် အဝတ်လဲခန်းမှာ အလုပ်အလုံ ကျယ်ဝန်းသောကြောင့် မူလပိုင်ရှင်၏ ပစ္စည်းများနှင့် အန်ဝင်ခွင်ကျ ဖြစ်သည်။

သူမ နေရာ ပြောင်းပြီးသော အချိန်တွင် သူမ၏ ရွှေ့ပြောင်း အစီအစဉ်ကို ကူညီရန် ရွှေ့ပြောင်း ကုမ္ပဏီတစ်ခု ကိုရှာတွေ့ခဲ့သည်။

ထို့ကြောင့် အန်းရှသည် ဇိမ်ခံပစ္စည်းများကို လှည့်မကြည့်တော့ပေ။

မူလပိုင်ရှင်က ဇိမ်ခံပစ္စည်း အများကြီး ဝယ်တတ်တယ်ဆိုတာ သူမသိသွားခဲ့သည်။ ဒါပေမယ့် အဝတ်လဲခန်းထဲမှာ သူမရပ်ပြီး ပစ္စည်းတွေကို မျိုးတူစုလိုက်တဲ့အခါ မူလပိုင်ရှင်၏ ပိုက်ဆံသုံးနိုင်တဲ့ စွမ်းရည်ကို အံ့ဩစရာ ရှာတွေ့ခဲ့သည်။

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။Where stories live. Discover now