အခန်း (၁၅၆)
ဖုန်းထဲက အေးဆက်သော အမျိုးသမီး၏ အသံကို ကြားရသည့် နောက်တွင် အန်းနင်သည် ကတုန်ကရင်နှင့် ပြောလိုက်သည်။
"ကောင်းပါပြီ မိန်းကလေး ဟယ်"
အန်းရှ ငါဒါကို လုပ်မိအောင် မင်းပဲ တွန်းပို့ခဲ့တာ။ ချန်ယွိကို ဆက်သွယ်ဖို့ အချက်အလက်တွေ မင်းငါ့ကို မပေးဘူးလို့ ဘယ်သူပြောနိုင်လဲ။
ချန်ယွိ ထွက်သွားခြင်းသည် အန်းမိသားစုအပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ချေ။
သူရောက်လာသော အခါတွင် ချန်းယွိ ဝန်ခံလိုက်သလိုမျိုး သမက်လောင်း ဟောက်စီထံမှ တခြား အံ့ဩစရာ တစ်ခု ရောက်ရှိလာခဲ့သည်။
ထို့အပြင် ယခုအကြိမ်သည် နောက်ဆုံး အကြိမ်ထက် ပို၍ သူတို့ အံ့ဩသွားကြရသည်။
ဟောက်စီ ဝန်ခံခဲ့သောကြောင့် ဖြစ်သည်
သူတို့၏ ဆက်ဆံရေးက ဟန်ဆောင်ထားတာကို ဟောက်စီက ဝန်ခံလိုက်သည်။
"ဦးလေး အန်တီ တို့ကို ကျွန်တော် လိမ်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်က အန်းရှရဲ့ တကယ့်ချစ်သူ အစစ် မဟုတ်ပါဘူး။ ကျွန်တော်က သူမကို ကူညီဖို့ အတွက် လာခဲ့တာ ဖြစ်ပြီး သူမရဲ့ ချစ်သူအဖြစ် ဟန်ဆောင်ခဲ့တာပါ"
အဖေနှင့် အမေအန်းတို့သည် ဟောက်စီ နှင့် အန်းရှကို မှင်တက်စွာ ကြည့်နေခဲ့သည်။
ဘာလို့လဲ။ သူတို့က ချစ်သူတွေ မဟုတ်ကြတော့ဘူးလား။
သူတို့သည် မကြာသေးမှီကပင် ဟောက်စီသည် သူတို့၏ သမက်လောင်းဆိုသော အချက်ကို လက်ခံခဲ့ကြသည်။
ပြီးတော့ ဟောက်စီကို သူတို့၏ သမက်လောင်း အဖြစ် အမြဲတမ်း မြင်ခဲ့ကြသည်။
ဒါပေမယ့် ရုတ်တရက် သူဟာ သူတို့ သဘောကျနေတဲ့ သမက်လောင်း မဟုတ်ကြောင်း အားလုံးကို တပြိုင်နက် ပြောပြလိုက်သည်။
"သမီး တောင်းပန်ပါတယ်။ သမီး ချန်ယွိကို တကယ်မကြိုက်ဘူး ပြီးတော့ သူ့ကို မနှောင့်နှေးစေချင်ဘူး။ ဒါကြောင့် ဟောက်စီကို ငါရဲ့ ချစ်သူ အဖြစ် ဟန်ဆောင်ပေးနိုင်မလား မေးတဲ့အချိန်မှာ သူက လက်ခံခဲ့တယ်။ အမေတို့ကို လိမ်ခဲ့မိတဲ့ အတွက် တကယ်ကို တောင်းပန်ပါတယ်"
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်