အခန်း (၁၆၀)
ညတွင် အန်းရှသည် ရေချိုးပြီးနောက် အိပ်ရာဝင်ခဲ့သည်။
သူမ၏ Weiboအသေးစားလေးမှာ တစ်ညတည်းမှာပဲ လူသိများလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ချမ်းသာသော သူတွေ၏ အဝတ်လဲခန်းထဲရှိ သန်းကြွယ်သူဌေး တို့၏ အဝတ်အစားများကို သူမ နားမလည်ခဲ့ပေ။
အန်းရှ ရှာဖွေခဲ့သော အင်တာနက် နာမည်ကြီး ဘလော့ကာတွေဟာ ပရိတ်သတ် အများကြီးနှင့် အပြန်အလှန် ဆက်သွယ်မှုမှာ အတော်လေး လုံလောက်သည်။ သူတို့အားလုံးသည် ဖက်ရှင်နှင် ဆက်စပ်နေသောကြောင့် ပရိုမိုးရှင်း ဈေးကွက်တွင် 100%နှုန်း သက်ရောက်မှု ရှိသည်။
အန်းရှ၏ ဗီဒီယိုသည် ကောင်းကင်ကြီးကို စိုရွှဲသွားအောင် မှတ်တမ်းတင်နိုင်ခဲ့သည်။ ဒီအကြောင်းအရာက ချမ်းသာသော လူတွေ၏ ဘဝဖြစ်တာကြောင့် ချမ်းသာသော သူတွေ၏ ကမ္ဘာအကြောင်း သိချင်တဲ့ အင်တာနက် အသုံးပြုသူတွေကို ဖိတ်ခေါ်မိခဲ့သည်။
ထို့ကြောင့် နောက်ဆုံး အရောင်းအဝယ် ရလဒ်သည် 200%သို့ ပြောင်းလဲ သက်ရောက်မှုရှိပြီး အန်းရှ နှင့် အင်တာနက် နာမည်ကြီး ဘလောကာများက ရိုးရှင်းစွာ မမျှော်လင့် ထားခဲ့ပေ။
နောက်နေ့ မနက်ရောက်သော အချိန်တွင် နာမည်မကြီးသေးသော တောင်ပေါင် စတိုးသည် ညသန်းခေါင်တွင် လူကြိုက်များလာပြီး ၎င်းတွင် တင်ထားသော ပစ္စည်းအားလုံး ရောင်းထွက်သွားသည်ကို အံ့အားသင့်စွာ ရှာဖွေ တွေ့ရှိခဲ့သည်။
ပိုပြီးကြောက်စရာ ကောင်းတာက သူမ၏ weibo အသေးစားလေးမှာ တစ်ညတည်းနှင့် ဖော်လိုဝါ သိန်းချီရရှိ ခဲ့တာကို အန်းရှက အံ့အားသွင့်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အပြင် ဖော်လိုဝါ အရေအတွက်များက မြင့်တက်နေဆဲ ဖြစ်သည်။
[ညီမလေးရဲ့ အဝတ်လဲခန်းက ငါတို့ထက်တောင် ပိုကျယ်နေတယ်]
[ဘလော့ကာရဲ့ အဝတ်လဲခန်းက တကယ်ကို အံ့ဩစရာပဲ။ ဘလော့ကာ၏ အဝတ်လဲခန်း တန်းဖိုးက ဂဏန်း၈လုံး အထက်မှာ ရှိနေပြီ။ သူက တကယ် ချမ်းသာတာပဲ]
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်