Chapter 186

519 105 2
                                    

Chapter 186

ဒါပေမယ့် အချစ်ကြောင့် ဘယ်လောက်ပဲရူးသွပ်နေပါစေ သူက သူ့ညီအစ်ကိုကောင်းတစ်ယောက်ပင်။

ကျန်းနန် မျက်၀န်းများကို ကျဉ်းမြောင်းလိုက်ပြီး လေးနက်စွာဖြင့်"သူဘာလုပ်မယ်လို့ မင်းထင်လဲ?"

ချန်းကျစ် ခဏမျှ ရယ်မောလိုက်ပြီး "ချန်းချယ် ဘယ်လိုတုံ့ပြန်မှာလဲ? ရိုးရိုးသားသားပြောရရင် ငါလည်း တကယ်ကိုအရမ်းသိချင်တယ်"

"မင်းအတွက် တစ်ခုခုလုပ်ပေးစရာရှိရင် ငါ့ကိုအချိန်မရွေးပြောလို့ရတယ်နော်"

ချန်းကျစ် ကျန်းနန်၏ပခုံးကို ပုတ်လိုက်ပြီး စိတ်သက်သာရာရဟန်ဖြင့် ပြုံးပြလိုက်၏။

----

ချန်းကျစ်နှင့် ကျန်းနန်တို့ စကားပြောနေချိန်တွင် ချန်းချယ်နှင့် လော့ကျစ်ယွီတို့သည်လည်း သတင်းစာဖတ်နေသည်။

"ပေချန်းရှိ ကုမျန်အပန်းဖြေဥယျာဉ်သည် လာမည့်နှစ်နွေဦးရာသီတွင် ဧည့်သည်များကို ကြိုဆိုရန် တံခါးများကို ဖွင့်လှစ်ပေးမည်"တဲ့။ ချန်းချယ်သည် သူ့မျက်၀န်းများကို အန္တရာယ်ရှိဟန်ဖြင့် ကျဉ်းမြောင်းလိုက်သည်။

‌ချန်းချယ်၏အမူအရာကို လော့ကျစ်ယွီမြင်သည့်အခါ သူဒေါသထွက်နေပြီမှန်းသိသည်။

ပြီးတော့ ဒါကလည်း သာမန်ဒေါသမဟုတ်ဘူး။

သူ ဒေါသအရမ်းထွက်နေပြီ။

လော့ကျစ်ယွီသည် ချန်းကျစ်၏သတ္တိကို အမှန်ပင် လေးစားသွားသည်။ လူအများစုက သူ့လိုသတ္တိမျိုး မရှိကြချေ။

သူနဲ့ပြသနာဖြစ်နေတာက ချန်းချယ်မဟုတ်ဘူးဆိုရင် လော့ကျစ်ယွီ ချန်းကျစ်ကို ချီးကျူးမိမှာပဲ။

ချန်းချယ်သည် တကယ်တော့ သူတို့၏ကလေးမဟုတ်မှန်း လော့ချန်းနှင့်ကျန်းရို့တို့က သိသွားပြီဖြစ်သည်။ လော့ကျစ်ယွီ၏တာဝန်က ပြီးဆုံးသွားပြီဖြစ်ပြီး ၎င်းတို့နှင့် တစ်ချိန်လုံးအတူရှိနေရန် မလိုအပ်တော့သောကြောင့် သူသည် ချန်းချယ်၏ဘေးတွင် လက်ထောက်အဖြစ် အလုပ်လုပ်နေခဲ့သည်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now