Chapter 185
ချန်းချယ် ထိုသတင်းကိုသိရသည့်အခါ တစ်ရက်ကြာသွားပြီဖြစ်သည်။
ဤအဖြစ်အပျက်သည် ဟောင်ကောင်အထက်တန်းလွှာအသိုင်းအဝိုင်းကို အတော်လေး ဂယက်ရိုက်သွားစေခဲ့လေသည်။
အမှန်တော့ ယခုလက်ရှိတွင် ဟောင်ကောင်ရှိလူတိုင်းနီးပါးသည် ကုမျန်က ချန်းချယ်၏ချစ်သူကောင်မလေးဖြစ်မှန်း သိနေကြပြီပင်။
သို့သော်လည်း ချန်းကျစ်၏အမည်အောက်တွင်ရှိသော ကုမ္ပဏီတစ်ခုက ပေချန်းတွင် အပန်းဖြေဥယျာဉ်တစ်ခုတည်ဆောက်ခဲ့ပြီး အပန်းဖြေဥယျာဉ်ကို ကုမျန်အပန်းဖြေဥယျာဉ်ဟုပင် အမည်ပေးထားသေးသည်။
ဒါဆို အဲ့ဒါက ဘာကိုဆိုလိုတာလဲ။
အစ်ကိုကြီးက သူ့ညီလေးနဲ့ ခယ်မလေးအတွက် အပန်းဖြေဥယျာဉ်တစ်ခု ဆောက်ပေးခဲ့တာလား။
ဟားဟား အဲဒါ ဖြစ်နိုင်ပါ့မလား။ သူဒီလိုမျိုးဖြစ်ခဲ့ရင် သူ့ကိုကြိုက်တဲ့ ကျန်းယွီယောင်အတွက် အပန်းဖြေဥယျာဉ်တစ်ခု ဘာလို့မဆောက်ပေးတာလဲ။
မဖြစ်နိုင်ဘူးလေ။
ထိုဖြစ်နိုင်ချေမှလွဲ၍ ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက်တစ်ခုသာ ကျန်ရှိတော့သည်။
ချန်းကျစ်သည် ချန်းချယ်၏ ချစ်သူကောင်မလေးကို အရှက်မရှိ ဗြောင်ကျကျဖြင့် လိုချင်ခဲ့သည်။
ဒါပေမယ့် ဒါက သူတို့ရဲ့ဒုတိယမျိုးဆက် အသိုင်းအဝိုင်းမှာတော့ ကြီးကြီးမားမားကိစ္စ မဟုတ်ဘူး။
လူတိုင်းက သူတို့ကြိုက်တဲ့မိန်းမကို လိုက်နိုင်သလို အကောင်းဆုံး ကြိုးစားခွင့်လည်းရှိတယ်လေ။
ချန်းကျစ်၏သွေးများတွင် သားရဲဗီဇများစီးဆင်းနေသည်။
အမျိုးသမီးတစ်ဦးကို လိုက်ရန်အတွက် သူသည် ကိုယ်ခံပညာဆယ့်ရှစ်ရပ်ကို သေချာပေါက် ဖော်ထုတ်လိမ့်မည်ဖြစ်သည်။ (နည်းလမ်းအားလုံးဖြင့် ကြိုးစားခြင်း)
သို့သော်ငြား ဤအဖြစ်အပျက်သည် လူတော်တော်များများကို အံ့အားသင့်သွားစေပြီး အဖြစ်အပျက်နောက်ဆက်တွဲကို စိတ်ဝင်စားသွားစေခဲ့၏။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)