နေရာလွတ်စွမ်းရည်၏ စွမ်းအားထွက်လာပုံမှာ ရှင်းမပြနိုင်သော်လည်း အလွန်သိသာလှ၏။
ဖူအန်သည် ခေါင်းကိုအနည်းငယ်စောင်းလိုက်ပြီး သူမလက်ဆီသို့ ခွန်အားရှိသမျှပို့လိုက်၏။
ဖူအန်က သရဲ၏ခေါင်းကိုလှည့်လိုက်သည့်အတွက် သရဲ၏ခေါင်းမှာ ၁၈၀ ဒီဂရီလည်ထွက်သွား၏။
သို့သော်လည်း ထိုသည်ကမသတ်နိုင်ပေ။ထိုအရာက ခေါင်းကိုလွယ်လွယ်ကူကူပင် ပြန်လှည့်လိုက်၏။ ထိုအဖြစ်က ကျန်းယွမ်ယွမ်အား စိတ်ပိုင်းဆိုင်ရာအရိပ်မည်းကြီးဖြစ်သွားစေသည်။
သရဲတွေအားလုံး ဒီလိုလုပ်နိုင်ကြတာလား?.............
ခန္ဓာကိုယ်ကိုဖျက်စီးတာမရဘူးဆိုတော့ အထဲကိုထည့်ဖို့ပဲကြိုးစားရတော့မှာပေါ့……….
ထိုစွမ်းရည်သည် မကြာခဏထိန်းချုပ်မှုလွတ်ကင်းသွားတတ်သည်ကိုတွေးမိရင်း ဖူအန်မှာစိတ်ဂဏာမငြိမ်စွာဖြင့် နှုတ်ခမ်းကိုကိုက်လိုက်မိ၏။
ကျေးဇူးပြုပြီး ငါ့ကိုခွန်အားနည်းနည်းပေးပါအုန်း………….
အထဲဝင်စမ်း…………အထဲကိုဝင်………..
နောက်တစ်ခဏတွင်………..
ကျန်းယွမ်ယွမ်သည် ပြတင်းပေါက်တွင်ရှိနေသည့်သရဲမှာ ပျောက်ကွယ်သွားကြောင်းမြင်လိုက်ရ၏။ဖူအန်မှာနားမလည်နိုင်သေးသော်လည်း မျက်လုံးများအရောင်လက်သွား၏။
ရုတ်တရက်သူမ၏နေရာလွတ်စွမ်းရည်မှာ အရင်ကထက်အသုံးပြုရလွယ်ကူလာသည်ကို တွေ့လိုက်ရသည်။ အသုံးပြုသည့်အချိန်တွင် နာကျင်မှုကိုမခံစားရတော့သည့်အတွက် စွမ်းရည်ကိုထိန်းချုပ်ရန်ပို၍လွယ်ကူလာသည်။သရဲတွေကိုထိန်းချုပ်နိုင်တဲ့နေရာလွတ်စွမ်းရည်ရှိသေးတာပဲ…………..
သေချာပြီ…………ငါသာထိန်းချုပ်နိုင်ရင် ကမ္ဘာကြီးက ငါ့လက်ထဲမှာပဲ……….
ပထမဆုံးအကြိမ်အနေနဲ့ ဂိမ်းစနစ်က ငါ့ကိုမညာခဲ့ဘူးပဲ………..ဖူအန်မှာ အလွန်စိတ်လှုပ်ရှားနေသည့်အတွက် ဂိမ်းကိုဆဲဆိုချင်သည့်စိတ်ကိုပင် ရပ်တန့်ချင်မိသွားသည်။
