အခန်း (၃၉၁) အိမ်ဂျယ်မူလတန်းကျောင်း (၂၇)

141 36 0
                                    

“ဒါပေမယ့် ဒါလည်းမမှန်နေဘူး……………
ပုံမှန် တူတူပုန်းတမ်းကစားရင် ပုန်းတဲ့အဖွဲ့ကို ပုန်းဖို့အချိန်ပေးရမယ်……………အခုအခြေအနေက ဒီအဆင့်ကို တိုက်ရိုက်ကြီး ကျော်ချသွားတာ”

ပြဿနာက ဘယ်မှာလဲ?............

ဖူအန်မှာ ဂရုမပြုမိစွာဖြင့် သူမလက်သည်းကိုစတင်ကိုက်လိုက်၏။

“ဒါ………..အန်အန်……
တကယ်တော့…………..အခြားတူတူပုန်းတမ်းကစားနည်းတစ်ခုလည်းရှိသေးတယ်………..

ဖမ်းတဲ့လူတွေကို မျက်လုံးပိတ်ထားမယ်ဆိုရင် ပုန်းဖို့အချိန်မရဘူးလေ…”

အရေးကြီးသည့်အခိုက်တွင် ကျန်းယွမ်ယွမ်ပြောလိုက်သည့်စကားကြောင့် ဖူအန်ဆက်စပ်စဉ်းစားမိသွားသည်။
ဖူအန်မှာ ထိုနေရာတွင်ရပ်ရင်း အလင်းပွင့်သွားသည်။

သရဲတွေရဲ့မျက်နှာမှာ မျက်လုံးတွေ၊ ပါးစပ်နဲ့နှာခေါင်းတွေက အပေါ်ယံလောက်ပဲ………….

သေသွားတဲ့ကစားသမားတွေ၊ ဆရာတွေရဲ့မျက်လုံးတွေနဲ့ လျှာတွေက ဆွဲထုတ်ခံလိုက်ရတယ်……….

မူလတန်းကျောင်းစာသင်ခန်းရဲ့နံရံပေါ်မှာ ထူးဆန်းပြီးသိသာနေတဲ့မိန်းမတစ်ယောက်ပန်းချီကားတစ်ချပ်ရှိတယ်……..

ညဖက်မှာ ရှုံးခွင်းတစ်ယောက်ပဲ အော်ဟစ်သံကြောင့် ဖမ်းခံလိုက်ရတယ်…………
ဒါတွေအားလုံးက တစ်ချိန်လုံးသတိပေးချက်တွေပဲ………….

ဒီဂိမ်းကိုအောင်မြင်နိုင်ဖို့သော့ချက်က တိတ်တိတ်နေဖို့ပဲ……….

ချီး………..

ခွဲခြမ်းစိတ်ဖြာမှုပြီးနောက် ဖူအန်၏ဦးခေါင်းအရေပြားစပ်ဖျဉ်းဖျဉ်းခံစားလိုက်ရ၏။
ဒါဆိုရင် အခုငါတို့စကားပြောနေတဲ့အချိန်မှာ အပြင်ကအရာတွေက ဘာလို့အထဲကို ချိုးဖောက်ပြီး ဝင်မလာကြတာလဲ?............

အဆောင်ကြောင့်လား?................

ဒါပေမယ့် ရှုံးခွင်းအခန်းမှာလည်း အဆောင်ရှိနေတာပဲ………..ဒါပေမယ့်ဒီသရဲတွေ ဝင်လာသေးတာပဲလေ………

ဒီအဆောင်ကြောင့်သာမဟုတ်ဘူးဆိုရင် ဒီသရဲတွေက ငါတို့အခုဘယ်မှာရှိနေလဲဆိုတာ သိလောက်မယ်………..ဒီသဘောတရားကိုတော့ တရားသေယူလို့မရသေးဘူး……..

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 3)Where stories live. Discover now