Chapter 188

283 84 2
                                    


ဒရိုင်ဘာကိုခေါ်ပြီးနောက် Weibo ကိုဖွင့်ပြီး ခန်ယန်ယန် သူမကို ခုနကပြောခဲ့သည့်အရာကို ရှာဖွေကြည့်လိုက်၏။

သို့သော် တကယ်တမ်းတွင် ရှာဖွေရန်ပင်မလိုအပ်နေချေ။ အကြောင်းမှာ ခန်ယန်ယန်ပြောခဲ့သည့်အကြောင်းအရာသည် hot search ၀င်နေသောကြောင့်ပင်။

#ချန်းချယ်က သူ့ကောင်မလေးအတွက် ပိုက်ဆံအများကြီးသုံး

#ဟောင်ကောင်မြို့၏ သုံးပွင်ဆိုင်အချစ်ဟု သံသယရှိ

ကုမျန်သည် တချက်ကြည့်လိုက်ရုံနှင့် ဘာတွေဖြစ်ပျက်နေလဲဆိုသည်ကို နားလည်သွားသည်။

ထိုအချိန်တွင် ချန်းချယ် ဖုန်းခေါ်လာ၏။

သူမဖုန်းကိုင်လိုက်သည်နှင့် ချန်းချယ်၏ အပြုံးစွက်နေသော သာယာလှသည့်အသံက သူမနားထဲ၀င်လာသည်။ "မျန်းမျန် နေ့လည်စာစားပြီးပြီလား"

"အင်း"

"မင်း ဟောင်ကောင်မြို့ကို ဘယ်တော့ပြန်လာမှာလဲ၊ ကိုယ် မင်းအတွက် surprise တစ်ခု ပြင်ဆင်ထားတယ်"

ဤsurprise သည် ကမ္ဘာပေါ်ရှိ အကြီးဆုံးနှင့် တန်ဖိုးအကြီးဆုံးချားရဟတ်ကို ရည်ညွှန်းခြင်းဖြစ်လိမ့်မည်ပင်။

ကုမျန် သူမနှုတ်ခမ်းကို တင်းတင်း‌စေ့လိုက်ပြီးနောက် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ "ကျွန်မပြန်မလာတော့ဘူး"

ချန်းချယ် အသက်ပြင်းပြင်းရှူလိုက်ပြီး နှစ်စက္ကန့်အကြာတွင် သူမေးမြန်းလိုက်မိ၏။ "မျန်းမျန်၊ မင်းပြန်မလာတော့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ"

"ရှင်းရှင်းလေးပါ ချန်းချယ် လမ်းခွဲကြရအောင်"

လမ်းခွဲမည့်အကြောင်းပြောပြီးနောက် ကုမျန် နောက်ဆုံး စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်ချလိုက်သည်။

နောက်ဆုံးတော့ သုံးကြိမ်မြောက်လမ်းခွဲမယ့်အကြောင်းကို သူမပြောနိုင်ခဲ့ပြီ။

သူမ "10 Girls out of 10" ကိုအဆုံးသတ်ပြီးသည့်အခါ ဇာတ်ကြောင်းသည် အမှန်တကယ်ပြီးဆုံးသင့်သည်။

ချန်းချယ် အံ့အားသင့်သွားပြီး "မျန်းမျန် လမ်းခွဲမယ့်အကြောင်း ထပ်မပြောတော့ဘူးလို့ ကိုယ့်ကိုကတိပေးထားတယ်လေ!"

You've reached the end of published parts.

⏰ Last updated: a day ago ⏰

Add this story to your Library to get notified about new parts!

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now