Chapter 187

275 53 0
                                    


ထိုစကားကိုကြားပြီးနောက် လော့ကျစ်ယွီက ကျယ်လောင်စွာအော်ဟစ်လာပြီး "မင်း မျန်းမျန်ကို အကောင်းဆုံးတွေပဲ ပေးမှာလား ဥပမာ?"

ချန်းချယ်က ပြုံး၍"ဥပမာ၊ သူမကို ကမ္ဘာ့အကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံး ချားရဟတ်ကို တည်ဆောက်ပေးတာမျိုးပေါ့"

လော့ကျစ်ယွီသည် ခဏတာမျှ ခေါင်းကိုက်သွားရသည်။ ဒီနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ပြိုင်ချင်နေကြတာလား။

အဲ့လိုပဲဖြစ်ရမယ်။

ချန်းချယ်သည် ချန်းကျစ်က အပန်းဖြေဥယျာဉ်ငယ်တစ်ခု တည်ဆောက်သည့်အတွက် ပိုက်ဆံသိပ်မသုံးဘူးဟု လှောင်ပြောင်ခဲ့သည်။ ယခု သူသည် "ကမ္ဘာ့အကောင်းဆုံး" ဆိုတာကြီးကို တည်ဆောက်တော့မည်။

ချန်းချယ်က ဆက်ပြီး"ငါ ဒါကို ရှောင်လီဆီမှာထားခဲ့မယ် ပြီးရင် မင်း သူ့ဆီကနေ သင်ယူရမယ်"

ရှောင်လီသည် ကျော်ကြားသော တက္ကသိုလ်တစ်ခုမှ ဘဏ္ဍာရေးဆိုင်ရာ PhD ဖြင့် ဘွဲ့ရခဲ့သည်။ လတ်တလောကမှ သူ့ကို ကူညီရန် Mr.ချန်းမှ ချန်းချယ်ဆီသို့ စေလွှတ်ခဲ့သူဖြစ်သည်။

လော့ကျစ်ယွီ ခေါင်းညိတ်လိုက်ပြ၏။ "ကောင်းပြီ"

ချန်းချယ်၏တန်ပြန်တိုက်စစ်က မြန်လှသည်။ နောက်တစ်နေ့မနက်အစောပိုင်း သတင်းစာ၏ ခေါင်းစီးသတင်းတွင်"ချန်း Group သည် ကမ္ဘာ့အကြီးဆုံးနှင့် တန်ဖိုးအကြီးဆုံး ချားရဟတ်ကို တည်ဆောက်ရန် ရည်ရွယ်ထားသည်။ သူ့ချစ်သူကောင်မလေးနှင့် သူ၏ဆက်ဆံရေးအထိမ်းအမှတ်အဖြစ် အမှတ်တရပြုလုပ်ရန်အတွက် ချန်းGroup သည် သူ့ချစ်သူကောင်မလေးအတွက် ကမ္ဘာ့အကြီးဆုံးနှင့် တန်ဖိုးအကြီးဆုံး ချားရဟတ်ကို တည်ဆောက်ရန်အတွက် ငွေကြေးများစွာသုံးစွဲရန် ရည်ရွယ်ထားသည်။

ချန်းချယ်အတွက် ဤချားရဟတ်သည် အလွန်အရေးကြီးသည်။

ဆက်၍စောင့်ကြည့်ပေးကြပါ။"

ဤခေါင်းစဉ်ထွက်လာသည်နှင့် ဟောင်ကောင်၏ အထက်တန်းလွှာအသိုင်းအဝိုင်းသည် ထပ်မံပွက်လောရိုက်သွားပြန်၏။

ချန်းချယ်က ဒီလောက်မြန်မြန်ပြန်တိုက်ခိုက်လိမ့်မယ်လို့ သူတို့မမျှော်လင့်ထားဘူး။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now