အခန်း (၁၆၅)
"တောင်းပန်ပါတယ်။ တကယ်လို့ မင်းအဲဒါကို မတတ်နိုင်ဘူးဆိုရင် ကျေးဇူးပြုပြီး ငါ့ရဲ့ အချိန်တွေကို မဖြုန်းပါနဲ့။ ဒီဝတ်စုံ ဒီဇိုင်းကို ငါကြိုက်တာကြောင့် မင်း ဒီဝတ်စုံကို ချွတ်ပေးပါ"
ထိုအချိန်တွင် တစ်ယောက်နား တစ်ယောက် တိုးတိုးလေး ကပ်ပြောနေသော လူနှစ်ယောက်သည် သူတို့၏ ခေါင်းများကို မော့လိုက်ပြီး အသံလာရာနေရာကို ကြည့်လိုက်သည်။
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးသည် သူတို့ နှစ်ယောက်လုံးကို အထင်သေးသော အကြည့်နှင့် ကြည့်နေသည်။
အန်းရှက အနည်းငယ် ရှက်လာသည်။
အခြားတစ်ဖက်က အနည်းငယ် ကိုးရိုးကားရား ပြောလာခဲ့ပေမယ့် အန်းရှက ဝယ်လိုစိတ် မရှိခဲ့ပေ။
ပင်ကိုယ်စရိုက် နူးညံ့သော အန်းရှသည် ဘယ်လိုဖြစ်ဖြစ် ထိုဝတ်စုံကို ဝယ်မည် မဟုတ်ဟု တွေးသောကြောင့် ထိုဝတ်စုံကို သူမ ခန္ဓာကိုယ်မှ ချွတ်ပြီး ၎င်းကို နိုင်ငံခြားသား ဝယ်ရန် ခွင့်ပြုချင်သည်။
"ဆောရီး"
အန်းရှသည် သူမဝတ်ထားသော ဝတ်စုံကို ပေးလိုက်ချင်ပေမယ့် ဟော်စစ်က သူမကို ပိတ်ပင်တားဆီးသည်။
သူသည် အန်းရှ၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်ပြီး အထင်သေးပြီး စိမ်းကားသော အမူအရာဖြင့် နိုင်ငံခြားသားကို အေးစက်စွာ ကြည့်လိုက်သည်။
သူသည် ပြင်သစ်လို ချောမွေ့စွာ ပြောလိုက်ပြီး...
"အဲဒါကို တတ်နိုင်လို့လား။ တောင်းပန်ပါတယ် ဒီဝတ်စုံက ငါ အထူး ပြုလုပ်ခိုင်းထားတာ ဖြစ်တယ်။ မင်း ဒီဝတ်စုံကို ဝယ်နိုင်တဲ့ အရည်အချင်း မရှိမှာ ငါ စိုးရိမ်မိတယ်"
ဟော်စစ်၏ အသံ လျော့သွားသည်။ စိတ်ကြီးဝင်နေဆဲ ဖြစ်သော အမျိုးသမီးသည် သူမ၏ မျက်နှာပေါ်တွင် သရော်သော အမူအရာဖြင့်
"မဖြစ်နိုင်ဘူး"
ကြိုတင် ပြုလုပ်ထားသော ဝယ်သူက ဘာကြောင့် အချိန်အကြာကြီး ယူနေရတာလဲ။ အဲဒါက အရမ်းဈေးကြီးလို့လား။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်