အခန်း (၁၆၁)
ထောင်းပေါင်စတိုးသည် ညသန်းခေါင်တွင် ပို၍ နာမည်ကြီးလာသည်။ ထိုစတိုးမှာ ဇိမ်ခံပစ္စည်း ဆွေးနွေးပွဲအဖြစ် အဓိကရေပန်းစားသည်။
ကြီးမားသော စီးဆင်းမှု၏ ပရိတ်သတ်များ ကျော်ကြားမှုများနှင့်အတူ အန်းရှ၏ ထောင်းပေါင်စတိုးသည် အံ့အားသင့်စရာ ရောင်းအားကို ရရှိသည်။
သူမ ပေါ့ပေါ့ပါးပါး ဖွင့်ခဲ့သော တစ်ပတ်ရစ်စတိုး လုပ်ငန်းသည် ယခုလောက် ကောင်းလိမ့်မည်ဟု အန်းရှ မမျှော်လင့်ထားခဲ့ပေ။
ယခု အချိန်ထိ သူမ ရောင်းချခဲ့သော ပစ္စည်းများသည် သန်းနှင့်ချီသော အဝင်အထွက် ရှိနေပြီ ဖြစ်သည်။
အန်းရှသည် လုံလောက်သော ငွေပမာဏကို ရရှိပြီးနောက် ဓာတ်ပုံရိုက်ကာ ပေးပို့မှုနှုန်းကို တဖြည်းဖြည်း လျော့ချလိုက်သည်။
အင်တာနက် သုံးစွဲ သူများ ကုန်ပစ္စည်းကို အမြန်လက်ခံနိုင်ရန် စောင့်ဆိုင်းနေသောကြောင့် ဟော်စစ်ထံသို့ ပိုက်ဆံလွှဲနိုင်သည်။
ထိုကဲ့သို့ သူမသည် ချက်ပြုတ်၊ ကလေးကျောင်းပို့၊ ချန်းရွှယ်မင်ကို ကျွေးမွေး၊ ဓာတ်ပုံရိုက်၊ ကုန်ပစ္စည်းများ ရောင်းရင်းဖြင့် အန်းရှ၏ ဘဝသည် နေ့တိုင်း စိတ်ချမ်းသာနေရသည်။
သူမ၏ အဖေနှင့်အမေကို အနည်းငယ် သတိရရုံကလွဲလို့ အန်းရှသည် မြို့တော်ရှိ ဗီလာတွင် သက်တောင့်သက်သာ နေထိုင်နေသည်။
မကြာမီတွင် ဝယ်သူအများစုသည် အမြန်ချော့ပို့မှုကို တဖြည်းဖြည်း လက်ခံရရှိသည်။ ဝယ်သူအချို့သည် အန်းရှထံမှ လက်ဆောင်အသေးလေးကို လိုချင်သောကြောင့် သူတို့အများစုသည် ကုန်ပစ္စည်းများ လက်ခံရရှိပြီး ပထမနေ့မှာပင် သွားရောက် စစ်ဆေးသည်။ စစ်ဆေးပြီးနောက်တွင် ပြဿနာ မရှိခဲ့ပေ။
ထို့နောက် မကြာမီတွင် ဝယ်သူများသည် အန်းရှ သူတို့ကို ပေးခဲ့သော အကောင့်တွင် ဆက်လက်၍ ငွေပေးချေကြသည်။
"ဒင်"
ဖုန်းမက်ဆေ့သံကို ကြားပြီးနောက်တွင် ဟော်စစ်၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်